မောင်ထက်ဦးလှိုင် နဲ့ ယွန်းဝတီလွင်မိုး တို့ရဲ့ မင်္ဂလာဆွမ်းကျွေးအလှူ

0
441

မောင်ထက်ဦးလှိုင်နဲ့ ယွန်းဝတီ လွင်မိုးတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူကို ဇန်နဝါရီလ ၈ရက်နေ့ မနက် ၉နာရီက ကမ္ဘာ အေးတိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး သံဃာတော်များကိုဆွမ်းနဲ့ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသလို မင်္ဂလာဦး အလှူအနေနဲ့ ထာဝရဆေးပဒေ သာပင် အလှူအဖြစ် နဝကမ္မ အလှူငွေကျပ် သိန်း ၃ဝ လှူဒါန်းခဲ့ပါတယ်။ မောင်ထက်ဦး လှိုင်နဲ့ ယွန်းဝတီလွင်မိုး တို့က မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးပွဲ မင်္ဂလာညစာစားပွဲနဲ့ မင်္ဂလာဦးဆွမ်း ကျွေးအလှူပွဲစတဲ့ မင်္ဂလာပွဲ ၃ ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ ဖခင်တစ် ယောက် အနေနဲ့ သမီးလေးအပေါ်ထားတဲ့ သဘော ထားကိုတော့ လွင်မိုးက…

”ခေးလေးက သူ့ဘဝက ပျော်ပျော်ရွှင် ရွှင်နဲ့ ဖြတ်သန်းလာတဲ့သမီးလေးပါ။ သူ့ရဲ့သက်တမ်းတစ်ဝက်လောက်က ရုပ်ရှင် ရိုက်ကွင်းမှာပဲ အချိန်ကုန်ခဲ့တာပါ။ ဒါပေမဲ့ ပညာရေးဘက်ရောက်လာတယ်။ အခုက အိမ်ထောင်ရေးပိုင်းရောက်သွားတယ်။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပါပဲ။ အခု မဟုတ်လည်း တစ်ချိန်ချိန်မှာ ဒီလိုပုံစံမျိုးပဲ လုပ်ပေးရမှာပါ။ စောတာနဲ့ နောက်ကျတာ ရယ်ပဲရှိတယ်။ ဒါပေမဲ့ တစ်ခုကတော့ မိဘက စိတ်ပူရတာပေါ့။ စောတာလည်း စိတ်ပူရ တယ်။ နောက်ကျတာလည်း စိတ်ပူတယ်။ မယူ ပဲနေရင်လည်း စိတ်ပူရတယ်။ စိတ်ပူရ တာတော့အတူတူပါပဲ” လို့ပြောပါတယ်။

ဖခင်တိုင်းဖခင်တိုင်းကတော့ သားသမီး အပေါ်မှာ အကောင်းဆုံး တွေကိုပဲ လုပ်ဆောင် ပေးကြတာပါ။ သူ့ရဲ့သမီးလေးကိုလည်း သူအတတ်နိုင်ဆုံးအဆင်ပြေအောင်လုပ် ဆောင်ပေးလိုက်တာပဲဖြစ်ကြောင်းကို လည်း လွင်မိုးက . . .

”Do the best ပါ အကောင်း ဆုံးလုပ်ပေးပါ။ အကောင်းဆုံး လုပ်ပေး တယ်ဆိုတာ အမျိုးမျိုးရှိတယ်။ လူတွေ အားလုံးက အကောင်းဆုံးလုပ်ပေးတယ်ဆိုတာ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား လုပ်ပေးမှ မဟုတ်ဘူး။ သင့်တင့်လျောက်ပတ်အောင်၊ အဆင်ပြေ အောင် လုပ်ပေးတာလဲ အကောင်း ဆုံးလုပ်ပေးတာပါပဲ။ ကျွန်တော်တို့ကတော့ သူ့အတွက်ကို ကျွန်တော်တို့နဲ့ ညီမျှတဲ့အတိုင်း အတာကို အ ကောင်းဆုံး လုပ်ပေးလိုက်တာ ပါပဲ” လို့ဆိုပါတယ်။ မောင်ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုးတို့က ၉တန်း ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတာဖြစ်ပြီး ၂ဝ၁၇ခုနှစ် ဇွန်လ ၂၈ရက်နေ့မှာ နှစ်ဖက်မိဘများ ရှေ့ မှောက်မှာ စေ့စပ်ခဲ့ကြ တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးက ဇန်နဝါရီလကုန်မှာ ပညာ ဆက်လက် သင်ကြားဖို့ သြစတြေးလျနိုင်ငံ မဲဘုန်းမြို့ကို ပြန်မှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here