သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြည့်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ သုံးရောင်ခြယ်ခံရမယ့် မိန်းကလေးတွေကို ကာကွယ်ကြပါစို့ ဒါရိုက်တာ . . . စတီးလ်

0
213

Mandalay Film Production မှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)စိတ်ကူးပုံဖော်ထားတဲ့ သုံး ရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇန်နဝါရီလ ၇ ရက်နေ့မနက် ၇ နာရီခွဲက သမ္မတရုပ်ရှင်ရုံမှာပြသခဲ့ပါတယ်။ ဒီဇာတ်ကားက မိဘမေတ္တာနှင့် ဒရာမာအက်ရှင်ဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ မိန်းကလေးများငွေမက်ပြီး အယုံလွယ်တဲ့ အတွက် ဘဝပျက်ရပုံများ၊ ပြည့်တန်ဆာမိန်းကလေးများရဲ့ဘဝအကြောင်းအရာများကို အခြေခံ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရိုက်ကူးဖြစ်ပုံကိုတော့ ဖန်တီးရိုက်ကူးပုံဖော်သူ ဒါရိုက်တာစတီးလ်က …

”ကျွန်တော်တို့ မြဝတီဘက်ကို ခရီးခဏထွက်တယ်။ ခရီးထွက်ပြီး လိုကေးရှင်းကြည့်တဲ့ အချိန်မှာ ဟိုဘက်ကမ်းမှာ Beauty Sloon လိုဟာလေးရှိတယ်။ ကျွန်တော်တို့ဆီက ပါသွားတဲ့ ကောင်လေးတွေက အဲဒီကိုသွားကြတယ်။ ပြန်လာတဲ့အခါကျတော့ အဲဒီ့ကကောင်မလေး တစ်ယောက်နဲ့ သိလာခဲ့ပြီး ရုပ်ရှင်သမားတွေရောက်ရှိနေတယ်ဆိုတော့ လာမိတ်ဆက်ရင်းနဲ့ သူ့ရဲ့ Life လေးတစ်ခုကိုပြောပြတယ်။ သူတို့ရောင်းစားခံထားခဲ့ရတယ်။ ဒါပေမဲ့ သူတို့က ဒီအပေါ်မှာရောက်ရှိနေပေမယ့် သူ့တို့ဘဝက ဒီမှာတင်ဆုံးမယ်ဆိုတဲ့အတွက်ကြောင့် ရွာလည်း မပြန်တော့ဘဲ ဒီမှာပဲ အိမ်ကလူတွေကိုလိမ်ပြီးတော့ ဒီမှာအလုပ်လုပ်ပြီး အိမ်ကိုပိုက်ဆံတွေပို့နေတယ်ဆိုတဲ့ အကြောင်းအရာလေးကိုသိပြီးတော့ ဇာတ်လမ်းလေးဖန်တီးကြမယ်ဆိုပြီး ကျွန်တော်ရယ် ကျွန်တော့်ရဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ တိုင်ပင်ပြီး ဒီဇာတ်လမ်းလေးကို ရေးဖြစ်သွားတာပေါ့”လို့ ပြောပြပါတယ်။

ဒီဇာတ်ကားကိုကြည့်ရှုခြင်းဖြင့် ရုပ်ရှင်ကြည့် ပရိသတ်များ ကိုယ့်ဘဝပတ်ဝန်းကျင်မှာရှိနေတဲ့ မိန်းကလေးများကို ကာကွယ်နိုင်စေဖို့ အတွက်ကိုလည်း ဒါရိုက်တာ စတီးလ်က အခုလို . …

”ကျွန်တော်တို့ ပတ်ဝန်းကျင်က အရေးကြီးတယ်ခင်ဗျ။ ကျွန်တော်သိတဲ့ အသိကိုပြောတာပါ။ ကျွန်တော် စာတတ် ပေတတ်သူတစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်သိတဲ့ အသိလေးပေါ့။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရောက်နေတဲ့သူကို ကယ်တင်ဖို့ဆိုတာကလည်း လမ်းကြောင်း တစ်ခုရှိသလို နောက်မရောက်ရှိနိုင်အောင် တားဆီးဖို့လည်းရှိတယ်ဆိုတာလေးကို ကျွန်တော် အသိပေးချင်တာပါ။ နောက်တစ်ခုကျွန်တော်ပေးချင်တဲ့ ဆောင် ပုဒ်လေးကတော့ ‘ကျွန်တော်တို့ပတ်ဝန်းကျင်မှာ သုံးရောင်ခြယ်ခံရမယ့် မိန်းကလေးတွေကိုတားဆီးကြပါစို့”လို့ဆိုတဲ့ ဆောင်ပုဒ်လေးပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့မသိဘဲ လျစ်လျှူရှုထား မိတာတွေအများကြီးပါ။ အဲဒီဟာလေးတွေအတွက် ကျွန်တော်တို့ ကာကွယ်ဖို့အတွက် ပေးချင်တဲ့မက်ဆေ့ခ်ျလေးပါ။ ဒီဇာတ်ကား လေးကိုလည်း ကျွန်တော်တို့အကောင်းဆုံးကြိုးစားထားတဲ့အတွက် ပရိသတ်ကြိုက်မယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားလေး ကြည့်ပြီး ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အားနွဲ့တဲ့ မိန်း ကလေးတွေ၊ သုံးအရောင်ခြယ်ခံရမယ့် မိန်းကလေးတွေကို ဒီဇာတ်ကားလေးကြည့်ပြီး ကျွန်တော်တို့ကာကွယ်ကြပါစို့ လို့ ပြောချင်ပါတယ်”လို့ပြောပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသသွား တော့မှာဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here