မြန်မာ့တူရိယာ တီးခတ်မှုတွေကို သင်ယူနေတဲ့ ထွန်းကိုကို

0
186

သရုပ်ဆောင် ထွန်းကိုကိုကို ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအနေနဲ့ မြင်တွေ့ကြရတဲ့အပြင် မြန်မာသံ တေးသီချင်းတွေ သီဆိုဖျော်ဖြေတာကိုလည်း တွေ့ရပါတယ်။ ထွန်းကိုကို ကိုယ်တိုင်ကလည်း မြန်မာသံတူရိယာတွေကို တီးခတ်တတ်အောင် လက်ရှိအချိန်မှာ သင်ယူနေသလို မြန်မာသံတေးသီချင်းတွေကိုလည်း သီဆိုဖျော်ဖြေရတာမျိုးကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ မြန်မာသံတေးသီချင်း တွေနဲ့ပတ်သက်ပြီး ထွန်းကိုကိုရဲ့ လေ့လာမှုတွေက “ကျွန်တော်က မြန်မာသံသီချင်းတွေကို သဘောကျတယ်။ သီချင်းအပြင် မြန်မာသံသီချင်းတွေနဲ့တွဲဖက်တဲ့ တူရိယာ တွေကိုပါ နှစ်သက်တယ်။

တယောတို့၊ မယ်ဒလင်တို့၊ စောင်းတို့ ဒါမျိုးလေးတွေတီးရ တာကိုလည်း ကိုယ်ကိုယ်တိုင်က ဝါသနာပါတယ်။ ပထမကတော့ အဲဒီတူရိယာတွေကို တီးတတ်ချင်တာပါ။ ဒါကြောင့် တူရိယာတွေကို အိမ်မှာဝယ်ယူပြီး စုဆောင်းထားတယ်။ ပြီးတော့ ဆရာနဲ့ တီးတာကိုသင်တယ်။ ဒီလိုသင်ရင်းနဲ့ တီးတဲ့အပိုင်းကို သိပ်ပြီး မလုပ်ဖြစ်ဘူး။ ဆရာကပဲတီး ကိုယ်က ဆိုတယ်ပေါ့နော်။ ဒါကြောင့်လည်း ဆရာနဲ့ပဲ အားတဲ့အချိန်တိုင်း ပုံမှန်လိုလို မြန်မာသီချင်းတွေ ဆိုဖြစ်တယ်။ ပွဲတွေရှိရင်လည်း မြန်မာသံသီချင်းလေးတွေကို ထည့်ထည့်ပြီး ဆိုဖြစ်တယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း ပရိသတ်တွေက ကျွန်တော့်ကို မြန်မာသံလည်း သီဆိုပါလားဆိုပြီး သိလာ ကြတယ်။ အန်တီ မေရွက်ဝါတို့၊ အန်တီနီနီဝင်းရွှေတို့နဲ့လည်း စုံတွဲ လေး သီဆိုခဲ့တယ်။ တခြားသော ပွဲတွေမှာလည်း ဆိုဖြစ်ပါတယ်။ တူရိယာပိုင်းနဲ့ ပတ်သက်လို့လည်း အခုသင်ယူနေတုန်းပါ။

ဟိုနည်း နည်း ဒီနည်းနည်းတော့ တီးတတ်နေပါပြီ” လို့ ထွန်းကိုကိုက ပြောပြပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ထွန်းကိုကိုကို ရဲ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့အမြင်မှာ စွဲနေတာကြောင့် ရဲကာ ရိုက်တာနဲ့ ရိုက်ကူးမှုတွေကို ခဏနားထားပြီး ခပ်ကြမ်းကြမ်း ကာရိုက်တာပုံစံမျိုးကိုပဲ ရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။ “ဒါရိုက်တာက ဇာတ်နဲ့လိုက်အောင် ဖြစ်နိုင်ရင် ကတုံးဆံပင် ပေါက်ပုံစံဆိုရင် ပိုကောင်းမယ်၊ ဇာတ်နဲ့လည်း ပိုပြီးလိုက် မယ်ဆိုပြီး ပြောတယ်။ ကျွန်တော်ကလည်း ဇာတ်နဲ့ လိုက်ရင် ပြီးရော ဆိုပြီး ကာရိုက်တာမိအောင် ကတုံးဆံပင်ပေါက် ဆံပင်ပုံစံကို လုပ်လိုက်တာပါ။ အခုနောက်ပိုင်းလည်း ဆံပင်က မရှည်လာသရွေ့တော့ ဒီလို Hair Style ပုံစံအတိုင်းပဲရှိ နေမှာ ပါ။ ပရိသတ်တွေကလည်း ဒီလိုပုံစံကို သဘောကျတယ်လို့ ပြောကြတယ်။ အရင်ကတော့ ရဲအနေနဲ့ ခိုးဆိုးလုနှိုက် ၁ မှာ သရုပ်ဆောင်လိုက်တယ်။ တစ်ခါတည်းနဲ့ကို ပရိသတ်တွေက ရဲဆိုရင် ကျွန်တော့်ကို ထင်တယ်။ ကျွန်တော်ဆိုရင်လည်း ရဲဆိုပြီး သိကြတယ်။ နောက်ပိုင်းလည်း ရဲကာရိုက်တာကို ၅ ကားလောက် ရိုက်ကူးပြီးတဲ့ နောက်ပိုင်းမှာ ရဲဇာတ်ရုပ်ကို ခဏလောက်အငြိမ်းစား ယူထားတယ်။ ပင်စင်ပေးထားတယ်။ နောက်ထပ်တခြားသော ကြမ်းကြမ်းတမ်းတမ်း ကာရိုက်တာတွေကိုပြောင်းရိုက်တယ်။ ကာရိုက်တာနဲ့လိုက်ဖက်တဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ဖို့အဆင်သင့်ပါ” လို့ ထွန်းကိုကိုက ပြောပြပါတယ်။

မြတ်မိုးပွင့်

 


LEAVE A REPLY

Please enter your comment!
Please enter your name here