ရိုးတဲ့ မိန်းကလေးတွေ လိမ်လည် လှည့်ဖြားမှုတွေနဲ့ မတွေ့ရစေဖို့ အတွက် အသိပညာ ဗဟုသုတ ကိုယ်ခံအား ကောင်းဖို့လိုတယ် ခန့်စည်သူ

0
191

သုံးရောင်ခြယ်ရုပ်ရှင်ဇာတ် ကားကြီးကိုတော့ ဇန်နဝါရီလ ၁၂ရက်နေ့မှ စတင်ကာ ရုံတင်ပြသ နေပြီလဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ခန့်စည်သူကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကိုအောင်မြင်စေချင်သလို ပရိုဂျုစာကိုဝင်ငွေ ရစေ ချင်ပြီး ဒါကလည်းကုသိုလ်ကံနဲ့ ဆိုင်ပြီး ပရိသတ်တွေနဲ့သဟဇာတဖြစ် သွားတယ်ဆိုရင်လည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်မှာ ဖြစ် ကြောင်း တစ်ခါတလေကျရင်လည်း ဖန်တီးလိုက်တဲ့ အနုပညာတစ်ခု ရုပ်ရှင်တစ်ကားက ပရိသတ်တွေနဲ့ သဟဇတဖြစ်ပြီးတော့ အောင်မြင်သွား တာတွေရှိကြောင်း တစ်ခါတလေကျရင်လည်း အားအ ပြည့်ထည့်ပြီးလုပ် ပေမယ့် ပရိသတ် တွေမကြိုက်လို့ သဟဇတမဖြစ်တဲ့ ကားတွေလည်းရှိကြောင်း ခန့်စည် သူကပြောပါတယ်။ သုံးရောင်ခြယ် ရုပ်ရှင်နဲ့ပတ်သက်လို့ ပရိသတ်တွေ ကိုပေးချင်တဲ့ Message နဲ့ပတ်သက် လို့လည်း ခန့်စည်သူကိုမေးတဲ့ အခါ…

”အဓိကကတော့ဆင်းရဲမွဲတေမှုနဲ့ဆိုင်တာပေါ့။ နောက်တစ်ခုကဆင်းရဲတိုင်းလည်း အဲဒီလိုတော့ မဟုတ်ပါဘူး။ ကိုယ်တို့နိုင်ငံမှာက အုပ်ချုပ်ပုံအလွဲတွေဖြစ်ခဲ့တယ်။ လူမှားနေရာမှားတွေဖြစ်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ လူမှုရေးတွေ စီးပွား ရေးတွေ ကျန်းမာရေးတွေ အဘက်ဘက်ကနေ နိမ့်ကျခဲ့တာပေါ့။ နိမ့်ကျတဲ့အထဲမှာမှ အဆိုး ဆုံးက ပညာရေးနိမ့်ကျခဲ့တာပေါ့။ ပညာရေး နိမ့်ကျခဲ့တဲ့အတွက် ပညာတတ်လူ တန်းစားတွေအများကြီး မပေါ်လာဘူး။ မပေါ်လာတော့ ဆင်ခြင်တွေး ခေါ်မှုအားတွေနည်း လာတာပေါ့။ နည်းတော့ ဘာအကျိုးဆက်ဖြစ်လဲဆိုတော့ တိုင်းပြည်က ဆင်းရဲတယ်။ ဆင်းရဲတော့ ပညာ ကောင်းကောင်းမသင်နိုင်ဘူး။ ပညာကောင်းကောင်းမသင်နိုင်တော့ ပညာမတတ်ဘူး။ တစ်ဖက်ကလည်းအတွေးအခေါ်တွေနိမ့်လာတယ်။ နိမ့်လာတော့လူတွေက အလွယ်တကူမှိုင်းတိုက်ရင် ယုံသွားတတ်ကြတာပေါ့။ မှိုင်းတိုက်လို့ အကောင်းဆုံး အနေအထားရှိတာပေါ့။ ကိုယ့် ကိုလာပြီးတော့ လိမ်ညာလှည့်ဖြားတဲ့လူနဲ့တွေ့သွားရင် တကယ်ကိုမသိ နားမလည်တဲ့ရိုးတဲ့ မိန်းကလေးတွေ က ပါသွားတယ်။ ပါသွားတဲ့အတွက် ဘဝတွေ ပျက်ကျတာပေါ့။ အကျိုး ဆက်ကတော့ ခုနပြောသလို အဆင် မပြေမှုတွေ၊ စဉ်းစားတွေးခေါ်ပုံနိမ့်ကျရာကနေစခဲ့တာပေါ့။ ဒါလေးကိုMessage ပေးထားတဲ့ သဘောပါ” လို့ ပြောပါတယ်။ ဒီလိုမဖြစ်ရအောင် အတွက်မိန်းကလေးတွေအနေနဲ့ ဘယ်လိုကြိုတင် ကာကွယ်ရမလဲလို့ ဆက်မေးတဲ့အခါမှာတော့…

”ဒါကတော့ ကိုယ်ခံအား ကောင်းဖို့ လိုတာပေါ့။ ကိုယ်ခံအား ဆိုတာက ကျန်းမာရေးကိုယ်ခံအားကိုပြောတာမဟုတ်ဘူး။ အသိပညာ ဗဟုသုတကိုယ်ခံ အားပေါ့။ ကျွန်တော်တို့က လူဆင်းရဲပေမယ့် အတွေးအခေါ်တော့ချမ်းသာ ရမှာ ပေါ့။ ဆင်းရဲတိုင်းလည်း ပျက်စီးတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းနည်း လွယ်ကူတာပေါ့နော်။ နဂိုကတည်းက နည်းနည်းနဲ့နေတဲ့ အနေအထားကို နှဲ့လိုက်ရင်တော့လည်း ပိုပြီးတော့ နဲ့သွားနိုင်တာပေါ့”လို့ ခန့်စည်သူက ပြောပြ ပါတယ်။

သုံးရောင် ခြယ်ဇာတ်ကားပြီးသွားတာနဲ့ ခန့်စည် သူပါဝင် သရုပ်ဆောင်ထားတဲ့ ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကားကလည်း မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း ရုပ်ရှင်ကားကြီးတွေလက်ခံ ထားပြီး အရင် ဇာတ်ကားတွေနဲ့ ပုံစံတူတဲ့ကား မျိုးတွေတော့ ငြင်းလေ့ရှိပြီး ကာရိုက်တာတူပေမယ့် တင်ပြပုံ ကွဲတယ်ဆိုရင်တော့ လက်ခံဖြစ်ပါတယ်လို့ သူ့ရဲ့ ဇာတ်ကားရွေး ချယ်မှုပုံစံကို ပြောပြပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here