ဆုကြေးငွေတိုးမြှင့်ချီးမြှင့်သွားမယ့် Myanmar Idol Season 3

0
176

Myanmar Idol Season 3 ကို ဧပြီလ ထဲမှာစတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး Season 3 မှာတော့ဒိုင်အများအဖြစ် မြန်မာပြည် သိန်းတန်၊ ရန်အောင်၊မျိုးကျော့မြိုင်၊ တင်ဇာမော်တို့ကဆောင်ရွက်သွား ကြမှာဖြစ်ပြီး Host အအဖြစ်ကတော့ ကျော်ထက်အောင်ကပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Music Director အနေနဲ့က တော့ဥက္ကာဦးသာကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Season 2 မှာတော့ ပြိုင်ပွဲကိုတစ်နိုင်ငံလုံးအနေနဲ့ပါဝင် ယှဉ်ပြိုင်သူ၂သောင်းကျော်ရှိခဲ့ တယ်လို့သိရပါတယ်။ မတူတဲ့ စီစဉ်တင်ဆက်မှုတွေနဲ့ Season 3 ကို Season 2 ထက်ပိုမိုအောင်မြင် အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဆုကြေး ငွေအနေနဲ့လည်း Winner ဆုရှင်ကို ကျပ်သိန်း၅ဝဝချီးမြှင့်မှာ ဖြစ်သလိုတစ်ကိုယ်တော် အခွေလည်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။

”ဒီနှစ်ဆိုရင်လည်း ပါဝင် ယှဉ် ပြိုင်ကြမယ့်ကလေးတွေရဲ့ Behavior ကအစကြည့်မှာပါ။ဘာဖြစ်လို့လဲ ဆိုတော့ ကလေးတွေကိုပိုပြီးတော့မြင့်မားရအောင်ဖြစ်စေချင်ပါတယ်။ မနှစ်ကပွဲရဲ့ အားသာချက်၊ အား နည်းချက်တွေကိုလည်း ကျွန်မ တို့အကုန်လုံးရရှိပါ တယ်။ ဒီနှစ် မှာဘယ်လိုပိုကောင်းအောင် လုပ်နိုင် မလဲဆိုတာ အမြဲတမ်းစဉ်း စားပါ တယ်။ ပြီးတော့ကလေးတွေ ကိုပြော ချင်တာက အခွင့်အရေး တွေကို ကိုယ့်အတွက်ရအောင်ယူပါ။ငါဟာWinner ဖြစ်မှလို့မဟုတ် ပါဘူး။ ဒီနေ့ဒုတိယရတယ် ဘာမှ မဖြစ်ပါ ဘူး။ ဘဝမှာ တစ်နေရာမှာ Winner ဖြစ်ကိုဖြစ်ရမယ်။ အဲဒီ့စိတ်နဲ့ ကြိုးစား စေချင်ပါတယ်”လို့ဒေါ်နန်းမောက် လော(ဝ်)ဆိုင်ကပြောပါတယ်Myanmar Idol Season 3 အသံစစ်ဆေးမှုများကိုတော့ မန္တလေး မြို့တွင် ဇန်နဝါရီ၂ဝနဲ့ ၂၁ရက် နေ့၊ တောင် ကြီးမြို့တွင် ဇန်နဝါရီ ၂၈ရက်နေ့ နဲ့၂၉ရက်နေ့၊ မကွေးမြို့ မှာ ဖေဖေါ်ဝါရီ၅ ရက် နေ့နဲ့၆ရက် နေ့၊ ပုသိမ်မြို့တွင် ဖေဖေါ်ဝါရီ၁၃ရက် နေ့၊ ရန်ကုန်မြို့တွင် ဖေဖေါ်ဝါရီ ၂ဝရက်၊၂၁ရက်၊ ၂၂ရက်နေ့တို့တွင် အသီးသီးပြုလုပ်သွားမှာဖြစ် ပြီး အသက် ၁၆နှစ်မှအသက်၃ဝ အ တွင်းလာရောက်ယှဉ်ပြိုင်နိုင် ကြောင်းသိရပါတယ်။

P-038

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here