ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကားမှာ မင်းထက် ကာရိုက်တာအတွက် အသက်ရှု ကျပ်တယ်ဆိုတဲ့ သရုပ်ဆောင် ဇဏ်ခီ

0
237

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်ရိုက် ကူးထားတဲ့ သရုပ်ဆောင် ဇဏ်ခီက ရုပ်ရှင်ကားဇာတ် ညွှန်းကို ကိုယ်တိုင်ရေးထားတာဖြစ်ပြီး ဇာတ်ကား ပြန်လည် ကြည့်ရှုချိန်မှာ ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။

”ဒီဇာတ်ကားကိုပြန်ကြည့်တော့ အားတော့ အားရပါတယ်။ ဒီကားရဲ့ ဇာတ်ညွှန်းကို ကျွန်တော် ကိုယ်တိုင် ရေးထားတယ်။ အဲဒီဇာတ်ကားထဲက မင်းထက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ရတာ နည်းနည်းတော့ အသက်ရှူကျပ်တယ်။ ဘာလို့လဲဆို တော့ ဒီဇာတ်ကားထဲက မင်းသားက လူကြီးဆန်လွန်း တယ်။ မရိုက်ကူး ခင် ၂ လလောက်က အဲဒီကာရိုက် တာအတွက် ပြင်ဆင်ခဲ့ပါတယ်။ ရိုက် ကူးတဲ့အချိန်မှာ လည်း ၂ လ၊ ၃ လ လောက်တော့ကြာတယ်။ ဒီဇာတ် ကားမှာ အမှတ်တရတွေကလည်း အများကြီး ရခဲ့ပါတယ်။ အရည်အ သွေးပြီးပြည့်စုံတဲ့ ဇာတ် ကားကို ပရိသတ်တွေ ကြိုက်မယ်လို့လည်း ထင်တယ်။ ဒီဇာတ်ကားက ထိုင်း မင်းသမီးပုံ အခန်းဆိုလည်း အချိန် အကြာကြီး ရိုက်ကူးထားရပါတယ်” လို့ ပြောပါတယ်။

ဇဏ်ခီက နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကား တွေအကြောင်းကိုတော့…

”ကျွန်တော်နောက်ထပ် ရိုက်ကူးဖို့အတွက် ဥပါယ်တံမျဉ်ရဲ့ အောင်မြင်မှုကို စောင့်ကြည့်ဦးမယ်။ ပရိသတ်ကြိုက်လား၊ လက်ခံနိုင်လား ပေါ့နော်။ ကျွန်တော့်ဆီက ဇာတ်ညွှန်းအနေနဲ့ ၃ ခုလောက် တော့ ကိုင်ထားတယ်။ ဥပါယ်တံမျဉ် ပြီးရင် ရိုက် ကူးသွားမယ့် ရုပ်ရှင်ဇာတ် ကားတွေလည်း ရှိပါ တယ်”လို့ ပြော ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here