ဗီလိန်ဇာတ်ရုပ် ရိုက်ကူးမှုတွေကို ခြူး (ခြူးလေး) ဘာကြောင့် နားထားရသလဲ

0
253

ပဉ္စလက်ရွာဇာတ်လမ်းတွဲက ပြသပြီးချိန်မှာ ပရိတ်သတ်တွေ တခဲနက် အားပေးခဲ့ကြသလို သရုပ် ဆောင် ခြူး(ခြူးလေး)ပါဝင်ထား သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်နဲ့ ပတ်သတ်ပြီးလည်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေ များစွာရှိခဲ့ ပါတယ်။ ဒီလိုဝေဖန်မှုတွေအပေါ် သရုပ်ဆောင် ဝါနုချိန်ဖြစ်တဲ့အတွက် ခံနိုင်ရည်မရှိခဲ့ဘူးဆိုတဲ့ ခြူး (ခြူးလေး)ရဲ့ စကားသံက…

”ဗီလိန်ဇာတ် ရုပ်ကိုကြိုက်ပါတယ်။ ဇာတ်တစ်ဇာတ်မှာ ဗီလိန် ဆိုတာက အိုက်တင်ကို ပိုပြီးလုပ်ရတဲ့ ကာရိုက်တာတစ်ခုပေါ့။ နည်းနည်း ထူးခြားပြီး heavy လုပ်ရတဲ့ ပုံစံမျိုးကို ညီမကိုယ်တိုင်လည်း ကြိုက်ပါတယ်။ ဒါပေမဲ့ အခု လတ်တလောတော့ ညီမကို ဗီလိန်ဇာတ်လာကမ်းလှမ်းလာရင် နည်းနည်းတော့ နားမယ်လို့ ဆုံးဖြတ်ထားတယ်။ ကာရိုက်တာသေသွားမှာကို စိုးရိမ် တာလည်း ပါပါတယ်။ နောက်ပိုင်း ကြာလာရင်တော့ ဗီလိန်ပုံစံမျိုးကို ပြန်သရုပ်ဆောင်ဦး မှာပါ။ အခုတက်သစ်စအချိန်မှာ ဗီလိန်သွားရိုက်လိုက်တဲ့အတွက် ကိုယ်ကိုယ် တိုင်ကနည်းနည်းငယ်သေးတဲ့အတွက် ခံနိုင်ရည်မရှိသေးလို့ပါ။ ပဉ္စလက်ရွာ ကတော့ လုပ်နိုင်တာထက်ကို တအားစိတ် နှစ်ပြီးကြိုးစားခဲ့တယ်။ နားလည်တဲ့ ပရိသတ်တွေဆီကလည်း သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ချီးကျူးကြတာ ကိုခံရပေမယ့် ဇာတ်ကိုစိတ်နှစ်ပြီး ကြည့်တဲ့ ပရိသတ်တွေအတွက်တော့ မုန်း စရာတအားကောင်းတယ်လို့ဆိုကြတယ်။ ညီမအနေနဲ့တော့ တအား ကြိုးစားဖို့လိုပါသေးတယ်” လို့ ပြောပြပါတယ်။

အခုလက်ရှိမှာလည်း ဇာတ်လမ်း တွဲအသစ်တစ်ခုကို လက်ခံ ရိုက်ကူး နေပြီး ဒီဇာတ်လမ်းတွဲရဲ့ အမည် ကတော့ ‘ရသ၊ မော်ကွန်း၊ အလင်္ကာ’ ဆိုတဲ့ ဇာတ်လမ်း တွဲဖြစ်ပါတယ်။ အလင်္ကာဆိုတဲ့ အောင်ပန်းသူလေးနေရာကမြင် တွေ့ရဦးမယ့် ခြူး(ခြူးလေး)အတွက် ရိုက်ကူးရေးအမှတ် တရတွေက…

”ရသ၊ မော်ကွန်း၊ အလင်္ကာ ဆို တဲ့ ဇာတ်လမ်းတွဲ ထဲမှာ အလင်္ကာဆိုတဲ့ ကောင် မလေးနေရာက သရုပ်ဆောင် ထားပါတယ်။ ရသနဲ့ မော်ကွန်းကတော့ အောင်ရေချမ်းနဲ့ ရှင်းမြတ် နဲ့ပေါ့။ ဒီ ဇာတ်ကားက မိသားစုပုံစံလေးမှာမှ ချစ်ခြင်း မေတ္တာဖွဲ့ ဇာတ်လမ်းလေးပါ။ အောင်ပန်း ဘက်ကဇာတ်ဝင်ခန်းတွေကိုတော့ ရိုက်ပြီး ပြီ။ ဆောင်းတွင်းကြီးမှာ အောင်ပန်းကို သွားပြီးရိုက်ရတဲ့အတွက် ရာသီဥတုနဲ့ တော့ လိုက်ဖက်ညီပါတယ်။ လှေဆိပ်က နေလည်း နှစ်နာရီဝန်းကျင်လောက် လှေစီးပြီးမှ ရိုက်ရမယ့်နေရာကိုရောက် တာပါ။ ခရီးတအားပန်းတာကတော့ အမှတ်တရပါပဲ”လို့ပြောပြပါ တယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here