လှမျိုးသဉ္ဇာနွယ် ရင်သွေး ထပ်ယူဦးမလား

0
162

သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်ရဲ့ သမီးဖြစ်သူ သွန်းဘရဏီနွယ်ကတော့ အခုလက်ရှိမှာ အသက် ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူက နယ်ဘက်မှာနိုင်ငံ့တာဝန် ထမ်းဆောင်နေတာကြောင့် လှမျိုးသဉ္ဇာနွယ် သမီးလေးကို လက်ရှိအချိန်မှာ မိခင်တစ်ဦးတည်းအနေနဲ့စောင့်ရှောက်နေတယ်လို့ ဆိုပါတယ်။ လှမျိုးသဉ္ဇာနွယ်အနေနဲ့လည်း တစ်ဖက်မှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့အတွက် မိသားစုဘဝမှာရော နောက်ထပ်ရင်သွေး ထပ်ယူဖြစ်ဦး မလားဆိုတာ မေးမြန်းတော့ …

“အစ်မရဲ့ အမျိုးသားက အခုလက်ရှိမှာတော့ ပြည်မှာ သူတာဝန်ကျနေတယ်။ ဒါပေမဲ့ အစ်မကလည်း ရန်ကုန်မှာပဲနေဖြစ်တဲ့အတွက် တစ်လတစ်ကြိမ်တော့ မိသားစုတွေ အတူတူတွေ့ဖြစ်ပါတယ်။ သမီးလေးကလည်း ၂ နှစ်ကျော်ပြီ။ အစ်မကတော့ ဒီကလေးတစ်ယောက်ပဲ။ နောက်ထပ်ကလေးထပ်ယူဖို့ အစီအစဉ်မရှိပါဘူး။ အစ်မအနေနဲ့က အိမ်ထောင်ပြုတာ လည်း နောက်ကျတယ်။ အစ်မအမျိုးသားကလည်း အမြဲတမ်း နယ်ဘက်မှာ ချည်းဆိုတော့ ကလေးကို အစ်မတစ်ယောက်တည်းကပဲ  ထိန်းသိမ်းရသလိုဖြစ် နေတယ်။ အမျိုးသားကလည်း နယ်ကနေ အမြဲတမ်း ဖုန်းနဲ့လှမ်းလှမ်းဆက်ပြီး ဂရုစိုက်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့ကျတော့လည်း ကလေးကို ကိုယ်တစ်ယောက်တည်း စောင့်ရှောက်ရတဲ့အချိန်မှာ တအားပင်ပန်းတယ်။ အသက်အရွယ်အရရော၊ ဒါကြောင့် နောက်ထပ် ကလေးထပ်မယူဖို့ စဉ်းစားမိ တာပါ” လို့ပြောပြပါတယ်။

လက်ရှိအချိန်မှာလည်း လှမျိုးသဉ္ဇာနွယ်က ဒါရိုက်တာ ကိုမျိုးထူးရိုက်ကူးတဲ့ =ယောက္ခမ တောဝါ+ ဇာတ်ကားကို  ကျော်ရဲအောင်၊ စိုးသီဟ၊  ဆုမြတ်နိုးဦးနဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်။ လှမျိုးသဉ္ဇာနွယ်ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးတဲ့ ဒီဇာတ်ကား နဲ့ပတ်သက်ပြီးလည်း လှမျိုးသဉ္ဇာနွယ်က အစ်မတို့ ထုတ်လုပ်ရေးအနေနဲ့ကတော့ ဇာတ်ကားတွေ ရိုက်ကူးတာ လေးကား ရှိပါပြီ။ အခုဇာတ်ကားလေးကတော့ နယ်ဇာတ်ကလေးပါပဲ။ ဒီဇာတ်ကားထဲမှာတော့ အစ်မက မုဆိုးမတစ်ယောက်ပါ။ ကိုကျော်ရဲ အောင်ကတော့ အစ်မကိုလာပြီး ပိုးပန်းတဲ့ပုံစံလေးပေါ့။ အဓိက ကတော့ အစ်မမောင်လေး စိုးသီဟအတွက် ရိုက်ပေးတာပါ။ အစ်မလည်း ဒီဇာတ်ကားမတိုင်ခင်ကတော့ အစ်မက နတ်ကနားစီးခင် သားကြီး ဇာတ်ကားမှာလည်း ပြေတီဦး၊ မိုးဟေကို၊ ကိုရန်လေးတို့နဲ့အတူ  ပါဝင်သရုပ်ဆောင်ထားတယ်။ အစ်မကအနုပညာအလုပ်တွေကို ရပ်နားထားပြီး အခုမှ ပြန်လုပ်ဖြစ်တဲ့ အချိန်မှာလည်း အားလုံးက ကြိုဆိုတယ်။ အစ်မရဲ့ အနုပညာလမ်း ကြောင်းတစ်လျှောက်မှာလည်း  အခက်အခဲဆိုတာမျိုး သိပ်မရှိခဲ့ ပါဘူး။ အစ်မကို ဝိုင်းဝန်းကူညီ သူတွေနဲ့ပဲ တွေ့ခဲ့ရပါတယ်။

အနုပညာအလုပ်ကို အမြဲတမ်း တစ်သမတ်တည်းလုပ်တဲ့ အနုပညာရှင်ကို အားပေးကြတာနဲ့ နှစ်များစွာကြာအောင် ပျောက်နေပြီးမှ အခုလို ပြန်ပေါ်လာတဲ့ အနုပညာရှင်ကို အားပေးမှုက အတူတူပဲဆိုတော့ အစ်မအနေနဲ့ တအားကျေးဇူးတင်တယ်။ ရှေ့ဆက်ကြိုးစားဖို့ အတွက်လည်း အင်အားတွေ ရတယ်” လို့ ပြောပြပါတယ်။

 မြတ်မိုးပွင့် 


LEAVE A REPLY

Please enter your comment!
Please enter your name here