စားသုံးသူအတွက် အကြံပြုချက်

0
157

အခုတစ်ပတ်မှာတော့ ပေါ်ပြူလာစာဖတ်ပရိတ်သတ်တွေ နေ့စဉ်အသုံးပြုနေတဲ့ အစားအ သောက်ဆေးဝါးနဲ့ အလှကုန်ပစ္စည်းတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်အသုံးပြုနိုင်ကြ စေဖို့အတွက် ရည်ရွယ်ပြီး ‘စားသုံးသူအတွက်အကြံပြုချက်’ဆိုတဲ့ ခေါင်းစဉ်နဲ့ နယ်ပယ်အသီးသီးက တာဝန်ရှိသူတွေရဲ့ အကြံပြုစကားသံများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဦးဆွေတင့်ကြူ (ညွှန်ကြားရေးမှူး စားသုံးသူရေးရာဦးစီးဌာန)

ဘေးကင်းစိတ်ချရတဲ့ ထုတ်ကုန် တွေကို ရွေးချယ်တဲ့နေရာမှာတော့ စား သုံးသူတွေကိုယ်တိုင်က ဘေးအန္တရာယ် မကင်းတဲ့ပစ္စည်းတွေကိုသိဖို့ အဓိက လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဌာနတွေ အသင်းအဖွဲ့တွေက ဘယ် လိုပင်ကြိုးစားစေကာမူ ထင်သ လောက် အရာမထင်နိုင်ပါဘူး။ နောက်တစ်ခုက ဆရာတို့လို အစိုးရ ဌာနတွေအနေနဲ့လည်း စားသုံးသူတွေ အတွက် ဘေးအန္တရာယ်မကင်းတဲ့ ကုန်ပစ္စည်းတွေကို ရှာဖွေဖော်ထုတ် ပြီး အသိပေးရမယ်။ ဈေးသက်သာ ပြီးတော့ ကူးစက်ရောဂါဖြစ်လို့ ဖျက် ဆီးတဲ့ဟာတွေတောင်မှ တစ်ချို့က သေခါမှသေရော ဈေးပေါတုန်း စားမယ် ဆိုပြီးစားကြတယ်။ အဲဒီတော့ ဒီဟာ တွေကို ဖျောက်ဖို့အဓိက ကတော့ ပြည်သူလူထုကိုယ်တိုင်က ဒီအစား အသောက်တွေကို ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး လေ့လာပြီးတော့ ရှောင် ရှားလိုက်နာဆောင်ရွက်ဖို့ အရေးကြီး တယ်လို့ ပြောချင်ပါတယ်။

ဦးမောင်မောင် (အတွင်းရေးမှူး မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ)

စားသုံးသူဘေးအန္တရာယ်ကင်းဝေးရေးဆိုတာ တစ်စုတစ်ဖွဲ့ထဲက နေ လုပ်လို့လုံးဝထိရောက်အောင် မြင်မှာမဟုတ်ပါဘူး။ ဥပဒေ စည်း ကမ်းလုပ်ထုံးလုပ်နည်းများကို ထိ ရောက်စွာ ကိုင်တွယ်ဖော်ဆောင်ရ မယ့် အာဏာပိုင်တွေ၊ အစိုးရဝန်ထမ်း အပိုင်းကလည်း အလွန်အရေးကြီး ပါတယ်။ နောက်ပြီး ကျွန်တော်တို့လို လွတ်လပ်စွာရပ်တည်လှုရှားနိုင်တဲ့ လူမှုရေးအရပ်ဘက်အဖွဲ့တွေရဲ့ ကိုယ် ကျိုးစီးပွားမပါ သန့်သန့်ပညာပေး စောင့်ကြည့်ပေးနိုင်ရမယ်။စားသုံးသူ ကိုယ်တိုင်ကလည်း အမျှော်အမြင် ရှိ ရှိစားသောက်သုံးစွဲတတ်တဲ့ အသိ ပညာတွေရှိပြီး တစ်းအပေါ်တစ်ဦး အချင်းချင်းကာကွယ်ပေးနိုင်ရမယ်။

ဒေါက်တာဥက္ကာဖြိုး (လက်ထောက်ညွှန်ကြားရေးမှူး FDA)

Safety ဆိုတာကတော့အရမ်း ကျယ်ပြန့်တယ်။ သူက Farmto Fork ပါ။ Regulator တွေ အနေနဲ့ လိုတဲ့ အပိုင်းရှိမယ်။ Consumer ဘက်က လိုတဲ့အပိုင်းရှိမယ်။ Business ပိုင်း က လိုတဲ့အပိုင်းရှိမယ်။ အဲဒီတော့ Regulator ပိုင်းကကျ ထုတ်လုပ်တဲ့ အဆင့်အလိုက်များနေတဲ့ Domain တွေကို Cordination Corporation ပေါင်းလုပ်ဖို့ တစ်ခုတည်းသွားနေလို့က တော့တော်တော် အချိန်ကြာလိမ့် ပါမယ်။ နောက်တစ်ခုကတော့ Business ပေါ့။ စီးပွားရေး လုပ်ငန်း ရှင်တွေဘက်ကနေ အလှအပပိုင်း ဆိုင်ရာကို တာဝန်ယူမှု တာဝန်ခံမှုရှိ ဖို့လိုတယ်။ ပြည်သူများအနေနဲ့က လည်း အသက်ကိုဥာဏ်စောင့်ဆိုသ လို ကိုယ်စားမယ့်ပစ္စည်းကို အနည်း ဆုံး ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင် Label ရေးထားတဲ့ ဟာလေးတော့ ဖတ်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

ဂျူးဂျူးသာ (စားသုံးသူ)

အရင်တုန်းကတော့ အလှကုန် တွေဝယ်တဲ့အခါ သူများကကောင်း တယ်ပြောရင် ဘာမှမကြည့်ပဲဝယ် ခဲ့ပါတယ်။ ဒါပေမဲ့ တချို့ဟာတွေကျ တော့ လိမ်းမိရင် မျက်နှာကစပ် လာပြီး အဖုတွေပါထွက်လာတယ်။ အဲ့ဒါကြောင့်နောက်ပိုင်း FDA ထောက်ခံချက်ပါတာတွေပဲ ကြည့်ပြီး ဝယ်ဖြစ်တော့တယ်။ ဈေးတွေမှာ အသားငါးတွေ ဘာတွေဝယ်ရင်တော့ လတ်မလတ်ကို သေချာလေးကြည့် ဖြစ်ပါတယ်။ ခုနောက်ပိုင်းဂျာနယ်တွေ သတင်းတွေမှာလည်း ကြေညာကြ တယ်။ နောက်အွန်လိုင်းမီဒီယာ တွေကလည်း သတိပေးတာတွေ လုပ် တာကနေ ခုလိုစစ်ဆေးတာတို့ ဂရု စိုက်ဝယ်တာတို့ လုပ်ဖြစ်လာတယ်။

အေးမြတ်သူ (စားသုံးသူ)

အရင်ကဆို Makeup ကစတွေ ဝယ်တဲ့အခါ ဒီအတိုင်းဝယ်လိုက် တာပဲ။ FDA ထောက်ခံချက်ပါ /မပါဆိုတာလဲ မကြည့်ဖြစ်ပါဘူး။ ဘာလို့ဆို ဓာတ်မတည့်တာမျိုးလဲ အခုချိန်ထိ တစ်ခါမှမဖြစ်ဖူးဘူးလေ။ ဒါပေမဲ့အသင့်စားအစား အသောက် တွေဝယ်ရင်တော့ ထောက်ခံချက်ရှိမှ ဝယ်ပါတယ်။ လမ်းဘေးစာတွေလဲ တစ်ခါတလေမှ စားဖြစ်တယ်ဆိုတော့ သန့်မသန့်ကို သိပ်သတိမထားဖြစ် ဘူး။ တအားကြီး ယင်နားတာတွေ ဘာတွေမြင်နေရင်တော့ရှောင်ပါ တယ်။ စားသုံးသူတွေ အတွက် ရွေးချယ်စရာအလွန်နည်းတဲ့ အခြေ အနေမှာ ကောင်းမယ်ထင်တာလေး တွေကိုပဲ ရွေးချယ်တတ်ဖို့လေ့ လာ သင့်ပါတယ်လို့ အကြံပေးပါရစေ။

ယုယု (Assistant F&B Manager)

အစ်မက များသောအားဖြင့် ဆီနဲ့ကြော်ထားတာတွေဆိုရင် မစားဘူး။ ဘာလို့လဲဆိုရင် တစ်ချို့ ဆီတွေဆိုရင် မသန့်ကြဘူး။ အဲ့ဒါ ကြောင့် ကိုယ့်အိမ်မှာပဲကြော်စားဖြစ် တယ်။ အစားအစာတွေက ကိုယ် တိုက်ချက်ပြုတ်စားတာက ကျန်း မာရေးအတွက် အသင့်တော်ဆုံးပါ။ Cosmetics ကိုတော့ Brand သုံးဖြစ်ပေမယ့် FDA ထောက်ခံချက် တွေတော့ကြည့်ဖြစ်ပါတယ်။ ဒါ ကြောင့်ကိုယ့်နိုင်ငံက FDA အသိ အမှတ်ပြုလား ဘာတွေပါနေလဲ ကြည့်ပြီးမှ သုံးကြစေချင်ပါတယ်။ အဓိကကတော့ ကိုယ်စားမယ့် အစား အစာသုံးမယ့် အလှကုန်တွေသည် ကိုယ်နဲ့တည့်မတည့်သင့်ကို အညွှန်း ဖတ်ပြီးသေသေချာချာစိစစ် ဝယ် ကြပါလို့ အကြံပေးပါရစေ။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here