၂ဝ၁၈ ထဲမှာ Examplez အဖွဲ့နဲ့အတူ ရှိုးပွဲလုပ်ချင်နေတဲ့ ထွန်းထွန်း

0
84

နိုင်ငံခြားက ဟစ်ဟော့ပ် အဆိုတော်တွေ၊ အနုပညာရှင်တွေလို ကိုယ်ပိုင် Clothing Brand ထုတ်ဖို့အစီအစဉ်က ငယ်ငယ်လေး ကတည်းကရှိပေမယ့် အလုပ်တွေ ရှုပ်နေလို့ ဖြစ်မလာပါဘူးလို့ အဆို တော်၊သရုပ်ဆောင် ထွန်းထွန်းက ပြောပါတယ်။ အခုခေတ်မှာ ကလည်း အဆိုတော်တွေဖက်ရှင်ထုတ်တာက ဒီနိုင်ငံမှာခေတ်စားလာ ပြီဆိုတော့ ထွန်းထွန်းရဲ့ အမြင်ဘယ်လိုရှိမလဲလို့မေးမြန်းတဲ့အခါ….

“R စေ ဆိုတဲ့လူငယ်တွေ ဝတ်တဲ့ပုံစံလေးတွေကနေ ကွဲ ထွက်မသွားအောင်ထုတ်ကြတာပေါ့။ ကျွန်တော်တို့ ခေတ်ကတော့ အပွကြီးတွေပေါ့။ ဒီခေတ်မှာကတော့ အဲဒီလိုမဟုတ်တော့      ဘူး။ ကျစ်ကျစ်လျစ်လျစ်နဲ့ စမတ်ကျတဲ့ပုံစံဘက်ကို သွား      တယ်။ ဒါလေးတွေဟာလည်း ကွာလတီကောင်းပြီးတော့ ကိုယ့် မြန်မာပြည်ကထုတ်တဲ့ Brand လေးတွေပေါ့နော်။ ကျွန်တော်တို့ ဆို နိုင်ငံခြားသွားတဲ့အခါမှာ OMG ပဲဖြစ်ဖြစ်၊ Genius ပဲဖြစ်   ဖြစ် အဲဒီလိုလေးတွေ ဝတ်တယ်။ျွကည့ြွ ပဲဖြစ်ဖြစ် အိတ်တွေ ကိုင်တယ်။ ကိုယ့်နိုင်ငံက Brand ဆိုပြီး ဝတ်သွားတယ်။ ဘယ်လို ပြောရမလဲ။ ဂုဏ်ယူစရာကိစ္စတစ်ခုလို့ ကျွန်တော်က မြင်တယ်။ ကြိုက်တယ်” လို့ပြောပါတယ်။

ထွန်းထွန်းအနေနဲ့ကော တစ်ကိုယ်တော် ရှိုးပွဲလေးဘာလေး လုပ်ဖို့ရှိမလား၊ ဒါမှမဟုတ် Examplez ရှိုးပွဲပေါ့ လို့ ဆိုတော့ …

“ကျွန်တော်ကတော့လုပ်ချင်တယ်။ Examplez ဒီကောင်တွေ ကို မြှူဆွယ်ထားတာ စိတ်ပါနေပြီ။ ဆိုလိုက်ချင်တယ်။ ဒါပေမဲ့ လည်း ပွဲတစ်ပွဲလုပ်ဖို့ဆိုတာ အချိန်လည်းပေးရတယ်။ နောက်တစ်ခု ကကျတော့ သူတို့က အလုပ်မလုပ်တာ ကြာပြီဆိုတော့ ဆိုဖို့အတွက် ကို ကျွန်တော့်အတွက် အများကြီးပြင်ဆင်ရတယ်။ အဲဒီအတွက် ကြောင့်ပါ။ ကျွန်တော်က ဒီနှစ်ထဲလုပ်ချင်တယ်”  လို့ ထွန်းထွန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here