ဗီဒီယိုလောက ပျက်စီးသွားမှာကို စိုးရိမ်နေတဲ့ ပိုးအိအိခန့်

0
296

သရုပ်ဆောင် ပိုးအိအိခန့်က ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားများကို မျှတအောင်ရိုက်ကူးနေရတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုရိုက်ကူးနေ ရတဲ့ သူတစ်ယောက်အနေနဲ့ အခုလက်ရှိမှာ ဗီဒီယိုဈေးကွက်တွေပျက်နေတဲ့အ ပေါ်စိတ်မကောင်းဖြစ်ရပြီး တစ်ဖြည်းဖြည်း ဗီဒီယိုလောကကြီးပျက်စီးသွားမှာ ကို လည်း စိုးရိမ်မိတယ်လို့သူကဆိုပါတယ်။

“စိတ်တော့မကောင်းဘူးပေါ့နော်။ဘာလို့စိတ်မကောင်းလည်း ဆိုတော့ ပိုးအိတို့ မင်းသမီးလုပ်တဲ့ အချိန်မှာ ဗီဒီယိုဈေးကွက်ပျက် နေတယ်ဆိုတော့။ အဓိကကကိုယ်အနုပညာကြေးရတာနည်းတာများတာအပေါ်မှာ စိတ် မကောင်းဖြစ်တာမဟုတ်ဘူး။ ကိုယ်ကဒီအလုပ်ကို တအားချစ်တယ်။ချစ်တဲ့အခါကျတော့ ဒီလောကကြီးက တဖြည်းဖြည်းနဲ့ အဲဒီလိုကြီးပျက်သွားမှာ လား စိုးရိမ်မိတယ်။ပြီးတော့  အခုဗီဒီယိုလောကက ပျက်နေတဲ့အခါကျတော့ ရုပ်ရှင်ဘက်ကို အားစိုက်နေကြတယ်။ ရုပ်ရှင်ဘက်ကျတော့ ပရိုဂျူဆာတွေ ဘက်ကလည်း နားလည်ပါတယ်။

လတ်တလောမှာ အလုပ်လုပ်နေရတဲ့ စီနီယာတွေနဲ့ပဲ အလုပ်လုပ်ဖြစ်နေကြတယ်ပေါ့နော်။အဲဒါကတော့  ဒီအနု ပညာမှမဟုတ်ပါဘူး အပြင်အလုပ်မှာဆိုလည်း ကိုယ်ယုံကြည်ရ တဲ့သူ နဲ့ပဲ အလုပ်လုပ်မှာ အသစ်ကိုသုံးဖို့ကျတော့ရင်းနှီးမှုကလည်းများ၊ ခေတ် ကလည်းမကောင်းတော့ပရိုဂျူဆာတွေဘက်လည်း နားလည်ပါတယ်။အဲဒီလိုဆိုတော့ ပိုးအိတို့လိုအသစ်တွေအတွက်ကမကောင်းဘူး ပေါ့ နော်။

အဲဒါကြောင့် ရုပ်ရှင်တွေကို ကိုယ့်တိုက်က ရိုက်ကူးဖို့အတွက် ကို လည်း စဉ်းစားနေပါတယ်” လို့ပိုးအိအိ ခန့်ကပြောပါတယ်။ ကိုယ့်ထုတ်လုပ်ရေးကနေ ဗီဒီယိုဇာတ်ကားတွေကို ထုတ်မရိုက် တော့ပေမယ့် အပြင်ကထုတ်လုပ်ရေး တွေနဲ့တော့ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေရကြောင်း ၊  ဒီလိုအခြေအနေမှာ အခုလိုထုတ်လုပ်ရိုက်ကူးတဲ့ ပရိုဂျူဆာ များကို ကျေးဇူးတင်ရ ကြောင်း ပိုးအိအိခန့်ကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here