နှလုံးသားတံခါးပေါက်ကို ဝင်ချည်ထွက်ချည်လုပ်သော ဧည့်သည် ဇာတ်ကားမှာ ရွှေထူး နဲ့ ရွှေမှုံရတီ တွေ့ကြလေပြီ

0
296

ကိုဝေမင်းမောင်တို့ Myanmar Media 7 ကနေ စာချုပ်ချုပ်ဆိုထားတဲ့ နေတိုးနဲ့ ရွှေထူးတို့က လာမယ့်လပိုင်းအတွင်းမှာ ဇာတ်ကားတွေအပြိုင်အဆိုင် ရိုက်ကူးကြတော့မှာဖြစ်ပါတယ်။ ”ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ နေတိုးနဲ့ အိန္ဒိယမင်းသမီးတို့ ပါဝင်သရုပ်ဆောင်မယ့် မဟူရာရုပ်ရှင်ရုံဆိုတဲ့ ဇာတ်ကားလေးကို စရိုက်ကူးပါမယ်။ နောက်ပြီး မတ်လမှာတော့ ကျွန်တော်တို့ ရွှေထူးရယ်၊ ရွှေမှုံရတီရယ်နဲ့ ‘နှလုံးသားတံခါးပေါက်ကို ဝင်ချည်ထွက်ချည်လုပ်သောဧည့်သည်’ ဆိုတဲ့ ဇာတ်ကားလည်း စတင်ရိုက်ကူးပါမယ်” လို့ ဝေမင်းမောင် ကပြောပါတယ်။

ရွှေထူးက သူ့ရဲ့ ပက်ပက်စက်စက်ညှို့ဇာတ်ကားမှာလည်း လူကြိုက်များ ပေါက်ခဲ့တယ်ဆိုတော့ သူ့အတွက် ဒုတိယမြောက်ဇာတ်ကားက ဘာတွေထူးခြား လာလေမလဲ၊ နောက်ပြီး ရွှေမှုံရတီလို မင်းသမီးမျိုးနဲ့ တွဲပေးလိုက်တဲ့အပေါ်နဲ့ ပတ်သက်ပြီး ဝေမင်းမောင်ကို ဆက်လက်မေးမြန်းတဲ့အခါ ”အဓိကကတော့ အများကြီး မျှော်လင့်ထားပါတယ်။ ရွှေထူးကလည်း ပထမဇာတ်ကားမှာ ပရိသတ်တွေထင်ထားတာထက်ကို ကြိုက်ကြတယ်။ အားပေးကြတယ်ဆိုတော့ သူ့ရဲ့ ဒုတိယမြောက် ဇာတ်ကားကလည်း တအားကို အရေးကြီးပါတယ်။ တအား ကြီးရင်ခုန်ဖို့လည်းကောင်းပါတယ်။ ရွှေမှုံရတီကလည်း လောလောလတ်လတ်မှာ တအားကို ဟစ်ဖြစ်နေ တဲ့အထဲမှာ ပါတဲ့သူတစ်ယောက်ဆိုတော့ သူတို့ ၂ ယောက်ရဲ့ တွေ့ဆုံမှုဟာ ရွှေ ၂ ရွှေ တွေ့ဆုံမှုပေါ့လေ။ ရွှေ ၂ ရွှေတွေ့ဆုံမှုဟာ တအားစိတ်ဝင်စားဖို့ကောင်းမှာပါ။ နောက်ပြီးဇာတ်ကားနာမည်လေးကလည်း ဆန်းတယ်လေ။ ဒုတိယဇာတ်ကားမှာ ပိုပြီးတော့ကောင်းလာမှာပါ” လို့ သူကပြောပါတယ်။

Myanmar Media 7 ကရိုက်ကူးတဲ့ ဇာတ်ကားတွေ ဒီနှစ်အကယ်ဒမီစာရင်းဝင် ဇာတ်ကားများထဲမှာပါတယ်နော်။ ဒါကြောင့်မို့ အကယ်ဒမီရင်ခုန်သံကိုလည်း ဆက်လက်မေးတဲ့အခါ ”အကယ်ဒမီကတော့ အနုပညာရှင်တိုင်း၊ ထုတ်လုပ်တဲ့သူတိုင်း၊ ဒီအနုပညာလောကနဲ့ ပတ်သက်တဲ့သူတိုင်းကတော့ ရင်ခုန်ကြတယ်။ စိတ်ဝင်စားကြတဲ့ ပွဲကြီးပါပဲ။ ဒီနှစ်မှာ ကျွန်တော်တို့ပါတဲ့ဇာတ်ကားတွေကတော့ တအားကိုမျှော်လင့်ရလောက်တဲ့ ဇာတ်ကားမျိုးတွေတော့ မဟုတ်ပါဘူး။ ကိုယ့်ကားကိုယ်တော့ အကောင်းဆုံး တော့ လုပ်ထားတာပဲ။ ဒါပေမဲ့ အကယ်ဒမီ ဟော့ဖြစ်တဲ့အထဲမှာတော့ မပါပါဘူး။ ရစေချင်တာကတော့ ကြောက် ကြောက်ကြောက်ဇာတ်ကားမှာ အလင်းနဲ့ အမှောင်လေး တော့ရစေချင်တာပေါ့နော်” လို့ ဝေမင်းမောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here