ဒုတိယ ရင်သွေးသမီးလေးကို မတ်လအတွင်းမှာ မွေးဖွားတော့မယ့် ချောရတနာ

0
139

သရုပ်ဆောင်ချောရတနာက ဒုတိယကိုယ်ဝန်ကို လွယ်ထားနေရပြီး အခုဆိုရင်သူ့ရဲ့ကိုယ်ဝန်က ၇ လ ထဲရောက်ရှိနေပြီဖြစ်ပါတယ်။ဒုတိယကိုယ် ဝန်က သမီးမိန်းကလေးလို့သိရပြီး ဒီရင်သွေးလေးကို မတ်လထဲမှာ မွေးဖွား တော့မှာဖြစ်ကြောင်းကို ချောရတနာက …

”၇ လထဲမှာပါ။ မတ်လထဲမှာတော့ မွေးမယ်။ ဝိတိုရိယဆေးရုံမှာမွေးမှာ ပါ။ ဆရာမပြောတာကတော့ ဂျုဒိတ်ကို ၁၃ လောက်ကိုမှန်းခြေပေးထား တယ်ပေါ့နော်။ အစ်မက မိန်းကလေးလည်း မိန်းကလေးမွေးမှာဆိုတော့လေ နည်းနည်းများစောမလားလို့ အစ်မစိတ်ထဲထင်နေတယ်။ အဲဒါကြောင့်မို့ ပထမပတ်နဲ့ ဒုတိယပတ်ကြားလောက်မှာ မွေးဖြစ်မယ်ထင်တယ်”လို့ ပြော ပြပါတယ်။ အခုလို ကိုယ်ဝန်ရင့်မာနေချိန်မှာ အစစအရာရာဂရုစိုက်နေရ ကြောင်းကိုလည်း ချောရတနာက …

”သားလေးကိုယ်ဝန်လွယ်ထားတုန်းက ကိုယ်ဝန်သာရှိတာ လူကသွားနိုင် လာနိုင်တယ်။ ပေါ့ပေါ့ပါးပါးရှိတယ်။ သမီးကျတော့ တအားအကျန်းမာကြီးတော့ မဟုတ်ဘူးပေါ့။ နည်းနည်းတော့ ချူချာတယ်။ အခုကကိုယ်ဝန်က အနေအထိုင် အသွားအလာက သိပ်နှေးတယ်။ ပထမ ၃လ ၄လ လောက်ကဆိုရင်လည်း သွေးပေါင်တွေတအားကျတယ်။ နေလို့မကောင်းဘူး။ ဒါပေမဲ့လည်း ကိုယ်က အတတ်နိုင်ဆုံးပေါ့နော်။ သားသားလည်းရှိနေလေတော့ သားသားကို လည်း ဂရုစိုက်နေရတဲ့အခါကျတော့ အစ်မအားတင်းပြီး ကြိုးစားပြီးတော့ ကျန်းမာအောင်နေနေတယ်။ မူးလို့မော်လို့ဆိုပြီးတော့လည်း အိမ်မှာအိပ်နေ လို့မရဘူး။ အပျိုတုန်းကဆိုရင် မူးတယ်ဆိုခွေနေလို့ရတာပေါ့နော်။ အခုတော့ အိမ်ထောင်သည်လည်းဖြစ် ကလေးအမေလည်းဖြစ်နေတော အဲဒီလိုနေလို့ မရတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်တော့အားတင်းပြီး နေတတ်အောင် နေနေရပါတယ်”လို့ပြောပြပါတယ်။ ဒုတိယကိုယ်ဝန်ဟာ သူ့ရဲ့အမျိုးသား လိုချင်တဲ့ သမီးမိန်းကလေးဖြစ်လာတဲ့အတွက် ဝမ်းသာပျော်ရွှင်ရကြောင်းနဲ့ သားနဲ့သမီး ခင်ပွန်းတို့ကို သူဘယ်လိုပြုစုစောင့်ရှောက်သွားမလဲဆိုတာကို ချောရတနာက…

”အစ်မကတော့ အစ်မစိတ်ထဲမှာ ဘာပဲရရလိုချင်ခဲ့တာပါ။ဘာလေးရပါ စေလို့တော့ ဘယ်တော့မှ ဆုမတောင်းဘူး။ ဒါပေမဲ့ အစ်မအမျိုးသားကျတော့ သားလေးရထားပြီဖြစ်တဲ့အတွက် သမီးလေးလိုချင်နေတာ။ အခုတော့ သူ့ဆန္ဒ ပြည့်သွားတာပေါ့နော်။ အစ်မအမျိုးသားလိုချင်တဲ့ သမီးမိန်းကလေးရသွားတဲ့ အတွက်လည်း အစ်မကဝမ်းသာပါတယ်။ ကိုယ်က မိခင်လည်း ဖြစ်လာပြီ ဆိုတော့ မိသားစုအပေါ်ကို အစစအရာရာပေးဆပ်ဖို့အတွက်ပဲ မျှော်လင့်ထား တယ်။ တွေးထားတယ်။ သူတို့တွေကို ကိုယ်အကောင်းဆုံး ဘာတွေလုပ် ပေးရမလဲ။ ကလေးတွေအပေါ်ရော အမျိုးသားအပေါ်ရောပေါ့နော်။သူတို့ တွေကို ပြုစုစောင့်ရှောက်ပေးရဖို့အတွက် အစ်မကျန်းမာအောင်နေမယ်။ အဓိကကလည်း အစ်မကကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အစ်မ ပိုင်ဆိုင်ချင်တယ်။ အဲဒီအတွက်လည်း အစ်မအများကြီး အကောင်းဆုံးဖြစ် အောင်ကြိုးစားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ဇင်

မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here