သံဃာတော်အပါး(၂ဝဝဝဝ)ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ရုပ်ရှင်သရုပ်ဆောင် နေတိုးနှင့် ဝါဇင် အလှူငွေလှူဒါန်း

0
178

မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ကြီးမှူး၍ ထိုင်း-မြန်မာ ချစ်ကြည်ရေး မြန်မာအလှူရှင်များ နှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေး ရှင်းတို့ ပူးပေါင်းကျင်းပပြုလုပ်မယ့် သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ အတွက် ဇန်နဝါရီလ ၉ ရက်နေ့ က မန္တလေး၊ ဝင်းလိုက် ရုပ်ရှင်ရုံ၌ ကျင်းပတဲ့ ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ရုပ် ရှင်ကား စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုးက ငွေကျပ် ၁သိန်း နှင့် ရုပ် ရှင် သရုပ်ဆောင် ဝါဇင်က ငွေကျပ် ငါးသောင်းတို့ကို အလှူငွေထည့် ဝင် လှူဒါန်းခဲ့ကြောင်းသိရသည်။ သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ လ ၂၁ ရက် နံနက်တွင် မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်ဟောင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here