သမီးလေး ခေတ်ဆည်းဆာကို အမေရိကမှာ ကျောင်းထားပေးဖို့ ဆက်သွယ်တာတွေရှိတယ် နိုင်လူ

0
120

 

ရိုက်ကွင်းကပြန်လာပြီး စွပ် ကျယ်၊ ဘောင်းဘီတိုလေးနဲ့ ဓာတ်ပုံ ရိုက်ပြီးတော့ ဒါကျွန်တော့်သမီး အငယ်ဆုံးလေးပါဆိုပြီး ကိုယ့် Facebook မှာ တင်လိုက်ရာက ဘယ်ကနေ ဖွလိုက်တယ်မသိဘူး။ မင်းသား၊ မင်းသမီးတွေမွေးတဲ့ ကလေးကျတော့ မေးကြတယ်။ လူ ကြမ်းကမွေးတဲ့ကလေးတွေကျတော့ ဂရုစိုက်မယ့်သူမရှိဘူးဆိုတဲ့ ပို့စ် တစ်ခုကြောင့် ပရိသတ်ချစ်ခင်မှု အများအပြားရလာတဲ့ သမီးလေး ခေတ်ဆည်းဆာအကြောင်း သရုပ် ဆောင်နိုင်လူက ယခုလို ပြောပြခဲ့ပါ တယ်။

”ဒီကလေးလေးက တကယ်ထူး ခြားတယ်။ အမျိုးသမီးက အသက် လေးဆယ်ကျော်ပြီ။ သူကသမီးလေး လိုချင်တယ်။ အမျိုးသမီးက Cosmetics လုပ်ငန်းလုပ်တော့ နေရာစုံသွားရတယ်။ စစ်တွေမှာ ယောမယ်တော်ဆိုတာ နာမည်ကြီး တယ်။ အဲဒီမှာ သွားဆုတောင်းတာနဲ့ သမီးလေးရလာတယ်လို့တော့ ထင် တာပေါ့။ နောက် ဦးနိုင်လူကို အိပ် မက်ပေးတယ်။ ဒါပေမဲ့ သေချာတာ ကသူကိုးတန်း၊ ဆယ်တန်းလောက် အရွယ်ရောက်ရင် ဦးနိုင်လူ ကျန်းမာ ရေးမကောင်းဘူးဆိုတာ ကိုယ့်ကိုယ် ကိုယ်ကြိုသိတယ်။ အိပ်မက်ထဲမှာ လည်း ကျောင်းစိမ်းဝတ်စုံနဲ့ ကလေး မလေးကဦးနိုင်လူကို အိမ်သာမ သွားနိုင်လို့ တွဲပို့တာ။ ‘ဖေဖေ ဖြည်း ဖြည်းထိုင်’တဲ့။ ‘သမီးက ဘယ်သူ လဲ’လို့ ဦးနိုင်လူမေးတော့ ‘သမီးက ဖေ့ဖေ့သမီးလေ’တဲ့။ အဲဒါနဲ့ ဦးနိုင် လူက ‘သမီးက အဖေ့သမီးလား’ဆို တော့’ဟုတ်တယ်’တဲ့။ အဲဒီလို အိပ် မက်မက်ပြီး မကြာဘူး။ အမျိုးသမီးက ကိုယ်ဝန်ရှိတယ်ဆိုတာ သိရတယ်။ ပြီးတော့ ကလေးလေးက ရှစ်လနဲ့ မွေးတာ။ ဆေးပညာအရကြည့်ရင် ရှစ်လနဲ့မွေးရင် အသက်ရှင်ခဲတယ်။ နောက်ပြီးသူက အနှစ် ၇ဝ လောက် မှ တစ်ကြိမ်ဖြစ်တဲ့ စူပါမွန်းနေ့မှာ မွေးတာ။ ဒီကလေးလေးက အင်္ကျီ အဝတ်အစားတွေက ဝယ်ပေးရတယ် မရှိဘူး။ သူ့ကိုရာသက်ပန် တာဝန်ယူ ပြီး အမေရိကမှာ ကျောင်းတွေ ထားပေးဖို့ ဆက်သွယ်တာတွေ လည်း ရှိတယ်။ သူ့ကို ကျောက်စိမ်း ပို့ပေးတာတွေ။ မူဆယ်ဘက်က ဆိုင်ကယ်ပို့ပေးတာတွေ၊ အွန်လိုင်း ပေါ်က တွန်းလှည်းဝယ်ပေးတာ တွေရှိတယ်။ နားဖောက်ရင် စိန်နား ကပ်ပို့ပေးမယ့်သူတွေရှိတယ်။ သူ့ရဲ့ ကံ၊ သူ့ရဲ့စန်းပေါ့နော်။ ဒီသမီးလေး ကြောင့် ဦးနိုင်လူက ပိုပြီးနာမည် ကြီးလာတာပေါ့” ဆိုပြီး ပြောပြခဲ့ပါ တယ်။

ခင်ဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here