ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေက ပိုချောတယ် အော(န်)ဆိုင်း

0
147

သရုပ်ဆောင်လုပ်ဖို့အတွက် လက်ရှိအချိန်ထိ အစီအစဉ်မရှိသေးပါဘူးလို့ မော်ဒယ် အော(န်)ဆိုင်းက ပြောပါတယ်။ သူမအနေနဲ့ အမ်တီဗီ ရိုက်ကူးမှုတွေ အနည်းငယ် ပြုလုပ် တယ်ဆိုပေမယ့်လည်း သူကြိုက်တဲ့သီချင်း၊ သူကြိုက်တဲ့ ဒါရိုက်တာတွေကျမှ ရိုက်ကူး ဖြစ်တာကြောင့် အများကြီးမရိုက်ဖြစ်ပါဘူးလို့ အော(န်)ဆိုင်းကဆိုပါတယ်။ ဟစ်ဟော့ပ် အဆိုတော် ချမ်းငြိမ်းကို ရဲ့ ‘အမှားနဲ့မကင်းတဲ့လူ’ Music Video၊ ‘ဂျင်း’ဆိုတဲ့ သီချင်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အော(န်)ဆိုင်းက…

”အမှန်အတိုင်းပြောရရင် အော(န်)ဆိုင်းက အမ်တီဗီတွေ သိပ်မရိုက်ဖြစ်ဘူး။ တအားရွေးချယ်တယ်။ ဒါပေမဲ့ ကိုဏကြီးဆိုရင်တော့ ၂ခါမစဉ်းစားရဘူး။ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာလည်းဖြစ်နေတယ်။ ပြီးတော့ သီချင်းကလည်း အဆင်ပြေတယ်။ ရိုက်ကူးတာကတော့ အော(န်)ဆိုင်းကလည်း တကယ်မြင်းစီးတဲ့သူဆိုတော့ မြင်းစီးတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာ၊ ပရိသတ် ကြည့်လို့ အဆင်ပြေမယ်ထင်ပါတယ်” လို့ ပြောပါတယ်။

နာမည်ကျော်မော်ဒယ်လည်း ဖြစ်သလို ရုပ်ရည်ရူပါအရရော၊ နေပုံထိုင်ပုံ၊ ဝတ်ပုံစား ပုံတွေကြောင့် ပရိသတ်ရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ပိုင်ဆိုင်ထားတဲ့ အော(န်)ဆိုင်းကို သူမ ရဲ့ဖက်ရှင်နဲ့ နေထိုင်မှုပုံစံအကြောင်းမေးဖြစ်တဲ့အခါ.. ”အဲဒီလိုကြားသိရတဲ့အတွက် အများကြီးဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်အတိုင်းပြောရရင်ပေါ့ ပေါ့နေတဲ့အထဲမှာတော့ မပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တယ်။ ကြိုးစား တယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကို ကိုယ်ပြန်မြင်ရတယ် လို့ထင်ပါတယ်။ ဖက်ရှင်ကတော့ သိတဲ့အတိုင်း အရင်ခေတ်နဲ့ မတူတော့ ဘူးပေါ့နော်။ ဒါပေမဲ့ ကိုယ်ဝတ်တဲ့အချိန်မှာ ယုံကြည်မှုရှိဖို့ ကတော့ ကိုယ်နဲ့ဆိုင်တယ်။ ယုံကြည်မှုရှိတဲ့ မိန်းကလေး တွေက ပိုပြီးချောတာပေါ့နော်” လို့ အော(န်)ဆိုင်းက ပြောပါတယ်။ အော(န်)ဆိုင်းတို့လိုပဲ ဒီဘက်ခေတ် မှာ မိန်းကလေးတွေက ထက်ထက် မြက်မြက်နဲ့ ရှေ့ထွက် ပြီး အလုပ်တွေ လုပ်ကိုင်နေကြပြီနော်လို့ဆိုတော့

”ကျွန်မအမြင်အရပြောရမယ် ဆိုရင် ကျွန်မတို့ Asia မှာရော၊ Myanmar Culture အရပြောရ မယ်ဆိုရင် အမျိုးသမီးအခွင့်အရေးက တစ်ခါတလေကျလို့ရှိရင် တန်းတူ မဟုတ်တဲ့အရာတွေရှိတယ်။ ကျွန်မတို့က သူတို့နဲ့ တန်းတူယှဉ်ချင်တာတော့ မဟုတ်ဘူး။ အမျိုးသမီးတစ် ယောက်အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေးလိုချင်တာ ပေါ့နော်။ အော(န်)ဆိုင်းမြင်တာက မိန်းကလေး တွေက ပိုပိုပြီး နေရာယူလာတယ်။ ပိုပိုပြီးကြိုးစား လာတယ်။ ပိုပြီး ထက်မြက်တဲ့ မိန်းကလေးတွေကို အများကြီးတွေ့လာရတယ်။ ဝမ်းသာတယ်။ ကျွန်မတို့နိုင်ငံကလည်း ကြိုးစားဖို့အများ ကြီးလိုအပ်သေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်မတို့ မိန်းကလေးတွေအနေနဲ့ အိမ်ထဲမှာပဲနေမနေဘဲနဲ့ ဒီခေတ် ကြီးထဲမှာ ရှေ့ထွက်ပြီး ကြိုးစား နေတာမြင်ရတော့ အများ ကြီးဝမ်းသာတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here