ပရိသတ်တွေကြည့်ရကျိုးနပ်စေဦးမယ့် အမျိုးသမီးရော့ခ်ကာ ၄ဦးရဲ့ ဂီတဖျော်ဖြေပွဲ

0
73

ကော်နီ၊သျှီ၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်းတို့ ၄ဦးသီဆိုဖျော် ဖြေကြမယ့် The Power Of 4 လို့ အမည်ပေးထားတဲ့သီဆိုဖျော်ဖြေပွဲကို ဖေဖော်ဝါရီ၃ရက်နေ့၊ ည၆နာရီ မှာရန်ကုန်မြို့ THUWUNNABHUMI Event Park မှာပြုလုပ်မှာဖြစ် ပါတယ်။ ဒီဂီတဖျော်ဖြေပွဲကတော့ အဆိုအားကောင်းသူ ၄ယောက်ရဲ့ ဖျော်ဖြေမှုကို နားဆင်ကြရမှာဖြစ်ပြီး တစ်ယောက်ချင်းစီအနေနဲ့ကော အတွဲအနေနဲ့ရောGroup Song အနေနဲ့ပါ သီချင်းတွေများစွာ သီဆိုဖျော် ဖြေကြမှာဖြစ်တယ်လို့သိရ ပါ တယ်။”ဒီပွဲက Live ထုတ်လွှင့်မှုမရှိတဲ့အတွက် အစ်မတို့အနေနဲ့သီချင်း ရွေးရတာတအားလွတ်လပ်ပါတယ်။သီချင်းကတော့ ပရိသတ်တွေကြိုက် တဲ့ သီချင်းတွေပဲ သီဆိုဖြစ်ဖို့များ ပါတယ်” လို့ပွဲနဲ့ပတ်သက်လို့ ကော်နီ ကပြောပါတယ်။ ဒီဖော်ဖြေပွဲမှာတစ် ယောက် ချင်းစီအနေနဲ့ကတော့ သီချင်း၇ပုဒ် လောက်သီဆို ဖျော်ဖြေ ကြမှာလည်း ဖြစ်ပါတယ်။

”သေချာတာကတော့ အားလုံး က ကိုယ့်ပရိသတ်တွေ မျက်နှာမ ငယ်ရအောင် ကြိုးစားမယ့် သူတွေ ချည်းပဲလေ။ အစ်မတစ်ယောက် အနေနဲ့ ပြောနိုင်တာကတော့ ကိုယ့် ပရိသတ်တွေ ဒီပွဲလာကြည့်လို့ နောင် တမရစေရပါဘူး။ အကောင်းဆုံး သီဆိုဖျော်ဖြေပါ့မယ်” လို့ သျှီက ပြောပြပါတယ်။

သူနဲ့အတူသီဆိုဖျော်ဖြေရမယ့် အမျိုးသမီး တေးသံရှင် ၃ယောက် စလုံးက ဝါရောသမ္ဘာရော ကြီးကြ တဲ့အတွက် သူ့အနေနဲ့ စိတ်လှုပ်ရှား မိသလို အစ်မ တွေနဲ့ဆိုရတာကိုလည်း ဂုဏ်ယူမိပါကြောင်း၊ သူ့ရဲ့အစီအစဉ် မှာတော့ Solo 7ပုဒ်အတွက်ကို Own tune သီချင်းလေးတွေ သီဆိုဖော်ဖြေဖို့ရွေး ထားကြောင်း လည်း ဖြူဖြူကျော်သိန်း ကပြောပါ တယ်။ 7Wave ပွဲကိုတော့ MERCURY-4 Entertainment မှစီစဉ်တင်ဆက်တာဖြစ်ပြီး DM-4 နဲ့ရွှေစင် Event Creation တို့က ပါဝင်တင်ဆက်ပေးထားကြပါတယ်။

P.038

ဓါတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here