လက်ရှိမှာတော့ ချစ်သူ မရှိပါဘူး ရဲလေး

0
214

ရဲလေးက ဖေ ဖေါ်ဝါရီလ ထဲမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက် ကူးဖို့လက်ခံထားပါတယ်။ ဇာတ်ရုပ်ကိုလည်း သူနဲ့ လိုက် ဖက် မယ့်ဇာတ်ရုပ်မျိုးတွေကို အဓိကရွေး ချယ်ရိုက်ကူးလေ့ရှိပြီး ပါဝင်ရမယ့် Scence အနည်းအများ ကို ကြည့်ဖြစ်ကာ ပါရင်ပြီးရောဆိုတာ မျိုးကိုတော့ လက်မခံဖြစ်ကြောင်း သူက ပြောပါတယ်။

”ကိုယ့်အတွက်နေရာ အများကြီးမရရင် တောင် နေရာနည်းနည်းလေးရရင်လည်း ကိုယ်လုပ်ကွက် ရမယ့်နေရာလေး ကိုတော့ကြည့် ပါတယ်။ ဘာမှလုပ်ကွက် လည်း မရဘူး၊ ဘာမှနေရာလည်းမရဘူး ပါရုံဆိုလောက်ပုံစံမျိုး ကျတော့လည်း လက်မခံဖြစ်တာများပါတယ်။အားလုံးနဲ့ ညှိနှိုင်း ပြီးတော့ပဲ ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံဖြစ်ပါတယ်။ အခုရိုက် ကူးပြီးသမျှ အကုန်လုံးကိုတော့ ကျေနပ်ပါတယ်”လို့ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါဇာတ်လမ်းရွေး ချယ်မှုအပိုင်းကို ရဲလေးကပြောပါတယ်။

ဇာတ်ကားတွေမှာ မိန်းမလျာပုံစံ မျိုးလေးတွေလည်း ရိုက်ကူးထား တာ တွေ့ရတဲ့အတွက် ဒီဇာတ်ရုပ်နဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဘယ် လို လက်ခံရိုက်ကူးဖြစ်သွားဦးမလဲလို့ ရဲလေးကိုဆက်မေးတော့…

”နာမည်ကြီးမင်းသားတွေ အကုန်လုံးက ထိန်းပြီးတော့ သရုပ် ဆောင်နေကြတာပါပဲ။ လောလောဆယ် ကျွန်တော့်အနေနဲ့မလုပ်တော့ဘူးလို့တော့ ယတိပြတ်ကြီး မပြောချင်ဘူး။ အခန်းတစ်ခန်းလည်း ပါရင်ပါမယ်၊ နှစ်ခန်းလည်းပါရင်ပါ မယ်ပေါ့။ လောလောဆယ်တော့ အဲဒီလိုဇာတ်တော့ လက်ခံထားတာ မရှိသေးပါဘူး။ ယောက်ျားလေး ဆန်ဆန်ဇာတ်တွေပဲရှိပါသေးတယ်။ ကျွန်တော်ကတော့ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးတော့ပဲ ဆုံးဖြတ်ပါတယ်။ မလုပ်ဘူးလို့လည်း မပြောဘူး။ လုပ် မယ်လို့လည်း မပြောဘူး။ အချိန်အနေပဲကြည့်ပြီးတော့ပဲ မလုပ်ဘူးလုပ်မယ် ဆုံးဖြတ်ဖြစ်သွား ပါတယ်။ ယတိပြတ်ကြီးတော့ မပြောချင်ဘူး။ ထမင်းကိုကုန်အောင်တော့စားပါတယ်။ စကားကိုတော့ ကုန်အောင်မပြောချင်ပါဘူး” လို့ ပြောပါတယ်။

သီချင်းတွေကိုတော့ ရိုက်ကွင်းမရှိ တဲ့ရက်တွေမှာ သီချင်းတွေရေးဖြစ်နေပြီး ဂီတကတော့ သူ့ရဲ့ပင်မ အလုပ် ဖြစ်နေတဲ့အတွက် မေ့ထားလို့ မရကြောင်း၊ နောက်ထပ် တစ်ကိုယ်တော်အခွေအတွက်လည်း သီချင်း တွေစုနေပြီ ဖြစ်ကြောင်း ရဲလေးက ပြောပါတယ်။

”၇ဝရာခိုင်နှုန်းလောက်ပြီးတဲ့ အချိန်ကျရင် တော့ ပရိသတ်တွေကို ပြောပြပေးပါ့မယ်။ စီးရီး Title နဲ့ ကျွန်တော့်ရဲ့ သီချင်းပုံစံတွေက ဘယ်လို အနေအထားရှိလဲဆိုတာပေါ့။ အခုကတော့ ကျွန်တော်စိတ်ကြိုက် ရွေးချယ်နေ တဲ့ကာလဖြစ်တာရယ်၊ မပြီးသေး တဲ့အတွက်ရယ်ကြောင့် ကျွန်တော်မပြောသေးတာပါ” လို့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်လို့ ရဲလေးကပြော ပါတယ်။

ဂီတ၊အငြိမ့်၊သရုပ်ဆောင် ဒီ ၃ မျိုးကို မျှအောင် လုပ် ဆောင်နေတဲ့သူ့ အနေနဲ့ အငြိမ့်ရှိ တဲ့နေ့တွေမှာ ရှိုးပွဲတွေကိုလက်လွတ်ရတာမျိုးရှိသလို ဇာတ်ကားရိုက်ကူးနေ တဲ့အချိန်တွေမှာလည်း ရှိုးပွဲတွေကို လက် လွှတ်ရတာ မျိုးတွေလည်းရှိကြောင်း၊ တစ်ခုလို ချင်ရင်တော့ တစ်ခုကိုလက်လွတ် ရတာမျိုး တွေတော့ရှိကြောင်း၊ တစ်ချိန်တည်းမှာပဲ နှစ်ခုစလုံး အဆင် ပြေအောင် လုပ်ဖို့ကျတော့ မလွယ်ကူကြောင်း သူကပြောပါတယ်။ ရဲလေးက သူ့အနေနဲ့ လက်ရှိမှာ တော့ ချစ်သူမရှိသေးဘဲ ချစ်သူမထားတော့ဘူး၊ မိန်းမမယူ တော့ဘူးလို့တော့ ယတိ ပြတ်ကြီးမပြော ချင်ပါဘူးလို့ သူက ဆိုပါတယ်။

”ခုနလိုပါပဲ။ ထမင်းကိုကုန်အောင်စား စကားကို ကုန်အောင်မပြောနဲ့ဆိုတာမျိုးပါပဲ။ ကျွန်တော်မိန်းမ မယူတော့ဘူးလို့လည်း သွားပြောလို့ မရသလို ရည်းစားမထားတော့ဘူးလို့လည်း ပြောလို့မရ ဘူး။ လက်ရှိကိုပဲပြောချင်ပါတယ်။ လက်ရှိမှာတော့ ကျွန် တော်ဘယ်သူမှမရှိဘူး။ ကျွန်တော်တစ်ယောက်တည်းပါပဲ။ လောလောဆယ်တော့ချစ်သူမရှိဘူး။ လောလောဆယ်ကိုပဲ ကျွန်တော်ပြော လို့ရတယ်။ ချစ်သူမထားတော့ဘူး၊ မိန်းမမယူတော့ဘူးလို့တော့ ယတိပြတ်ကြီး ကျွန်တော်မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ဘာဖြစ်လာမယ်မှန်း မသိဘူးလေ။ ကျွန်တော်တို့ရဲ့ ဘဝအခြေအနေ ဘာဖြစ်လာမယ်မှန်းမသိနိုင်တော့ ဒီလိုပဲပြောလို့ ရပါတယ်” လို့ ရဲလေးက ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here