အချစ်နဲ့ ကွာရှင်းမယ် ဆိုတဲ့ ရွှေထိုက်ရဲ့တစ်ကိုယ်တော် အခွေအကြောင်း

0
351

ဂီတလောကမှာမတွေ့မြင်ရတာ ကြာပြီဖြစ်တဲ့ အဆိုတော်ရွှေထိုက်ရဲ့ တစ်ကိုယ်တော်စီးရီးခွေကို ဖေဖော်ဝါရီလထဲမှာ ထွက်ရှိတော့မှာ ပဲဖြစ်ပါတယ်။ Unplugged ပုံစံနဲ့ ထွက်ရှိမှာဖြစ်ကာ သီချင်းအားလုံး ၁ဝပုဒ်ပါဝင်ပြီး သီချင်းအ ဟောင်းတွေနဲ့ သီချင်းအသစ်တွေစုစည်းထားသလို ရွေထိုက် ကိုယ် တိုင် ရေးသီချင်းတွေချည်းပဲဖြစ်ကာ အခွေနာမည်ကတော့ ‘အချစ်နဲ့ ကွာရှင်း မယ်’လို့ အမည်ပေးထားပါတယ်။

“ရေးထားတာကတော့ အခုမှ ရေးထားတာတော့မဟုတ်ဘူး။ ငယ်ငယ် လေးကတည်းကရေးထားတဲ့သီချင်းတွေပါ။အစ်မက Owntune တွေကြီးပဲ ဆိုချင်တဲ့ဆန္ဒရှိတယ်။ အဲဒီလိုမျိုးကျတော့ တာဝန်ယူပြီးတော့ လုပ်ပေး နိုင်တဲ့လူရှိမှလည်းအဆင်ပြေမှာလေ။ သီချင်းလေးတွေက ကောခ့်ပဲချပေးလိုက် မယ်ဆိုရင် သီချင်းလေးတွေက ပုံစံမျိုးစုံထွက်သွားမှာလေ။ ကိုနိုင်ဇော်နဲ့ တွေ့ တဲ့အခါကျတော့ ဒီအခွေလေးကိုလုပ်ပေးပါလို့ဆိုပြီး ပြောဖြစ်တယ်။ အဲဒီလို နဲ့ ဒီအခွေလုပ်ဖြစ်ကြတယ်။ သီချင်းအဟောင်းက ၃ပုဒ်ပဲပါတယ်။ ကျန်တာ ကတော့ သီချင်းအသစ် တွေကြီးပါပဲ။ ပရိသတ်တွေ အနေနဲ့လည်း အား ပေးစေချင်ပါတယ်” လို့ အခွေနဲ့ပတ်သက်ပြီး ရွှေထိုက်က ပြောပါတယ်။

 လွန်ခဲ့တဲ့ ၆နှစ်လောက်က သီချင်းတွေလည်း ပါဝင်မှာဖြစ်ပြီး ပရိသတ်တွေ စိတ်ဝင်စားစေမယ့် သီချင်းတွေလည်း ပါမှာ ဖြစ်တယ်လို့သိရပါတယ်။ အခွေရဲ့ သီချင်းပုံစံကလည်း အမြူး ပုံစံလေးတွေရော၊ လွမ်းလွမ်းဆွေးဆွေး ခံစားရ မယ့် သီချင်းပုံစံမျိုးတွေရော၊ ရသမျိုးစုံပါဝင်မယ့်အခွေ လည်းဖြစ်ပါတယ်။ ဒီအခွေကိုတော့ အမြတ်အစွန်း ဆိုတာ ထက် ပရိသတ်တွေကိုနားထောင်စေချင်တဲ့စိတ်နဲ့ အခွေ ထွက်ရှိခြင်းဖြစ်တယ်လို့သိရပါတယ်။ ရွှေထိုက်က ဂီတလောကမှာ ငြိမ်ချက်သား ကောင်းနေပေမယ့်  Back to Mellium ဖျော်ဖြေပွဲမှာတော့ ပါဝင် သီဆိုဖြစ်ခဲ့ပါတယ်။

   လင်းအက္ခရာ 

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here