အဆို ပြိုင်ပွဲများမှ အောင်မြင်မှု ရရှိခဲ့ကြတဲ့ အဆိုတော် ၇ ယောက်ရဲ့ ဂီတဖျော်ဖြေပွဲ

0
230

အဆိုပြိုင်ပွဲများမှ အောင်မြင် မှုရရှိခဲ့ကြတဲ့ အဆိုတော်၇ယောက်ရဲ့ 7Wave လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂ရက်နေ့ ညနေ၆နာရီ THUWU NNA BHUMI Event Park ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲ မှာတော့ ဖြိုးပြည့်စုံ၊ အောင်ထက်၊ စောလားထော်ဝါး၊ Mဇော်ရိန် ၊David Sai ၊ နေမင်းအိမ်၊ ထွန်း နောင်ဆင့်တို့က သီဆိုဖျော်ဖြေ တင်ဆက် ကြမှာပဲဖြစ်ပါတယ်။

”အဆိုပြိုင်ပွဲတွေကနေမှ စူပါ စတားဖြစ်လာတဲ့ ညီလေး၇ ယောက် ပေါ့။အဆိုလည်းတအား ကောင်း တယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အား ပေးမှုကိုလည်း ရထားတဲ့ ၇ယောက်ရဲ့ ဖျော်ဖြေပွဲပါ” လို့ ရွှေစင် Event Creationမှ ကိုစိုးနိုင် ထွန်းက ပြောပါတယ်။7Wave ပွဲကိုတော့ MERCURY -4 Entertainment မှစီစဉ်တင်ဆက် တာဖြစ်ပြီး DM-4 နဲ့ရွှေစင် Event Creation တို့က ပါဝင်တင်ဆက်ပေး ထားကြပါတယ်။

P-038

ဓါတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here