စီးပွားရေးလုပ်လို့ ကျပ်သိန်းသုံးရာလောက် ပြုတ်သွားတယ် မိုးမိုး

0
106

အဆိုတော်မိုးမိုးက ၂ဝ၁၈ ခုနှစ်မှာ သူ့ရဲ့သီချင်းခွေထွက်ရှိဖို့ ပြင်ဆင်နေ တာဖြစ်ပြီး လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းကိုတော့…

”ကျွန်တော်အခုအခွေထွက်ဖို့ ရှိပါတယ်။ သီချင်းက ၅ ပုဒ်လောက် ပဲပါမယ်။ တေးရေးဆရာတွေလည်း စုံမယ်။ ကိုယ်တစ်ယောက်တည်း တီး တာ၊ ရေးတာမဟုတ်တော့ဘူ။ သိုက် သိုက်ဝန်းဝန်းလုပ်တဲ့သဘောနဲ့ လုပ် ဖို့ရှိပါတယ်။ ဇာတ်ကားတွေ ရိုက်ကူး ဖို့တော့ မရှိပါဘူး။ ဇာတ်လမ်းတွဲတွေ ရိုက်ကူး ဖို့ရှိတယ်။ ကျွန်တော်သီချင်း အခွေ ၅ ပုဒ်ထုတ်မယ်ဆိုပြီး MTV လေး ရိုက်ကူးဖို့ ဒါရိုက်တာတွေနဲ့ ညှိနှိုင်းတဲ့အခါမှာ သူတို့တွေက ဝိတ် ပဲချခိုင်း နေတယ်။ ကျွန်တော့်ကို ဝိတ်ချခိုင်းနေတာ လွန်ခဲ့တဲ့ ၇လ လောက်ကတည်းက။ ကျွန်တော် လည်းအခုအထိ အကောင်အထည် မဖော်နိုင်သေးဘူးဖြစ်နေတယ်။ ကျွန် တော်ဝိတ်ချမှာပါ။ စတိတ်ရှိုးပေါ်မှာမခုန်နိုင်တော့တဲ့အတွက်ခုန်နိုင် အောင်ကျွန်တော်ဝိတ်ချပါ့မယ်”လို့ ပြောပါတယ်။

အခုခေတ်မှာ အနုပညာရှင်တွေ ဟာ စီးပွားရေးလုပ်ငန်းကို စိတ်ဝင် စား လုပ်ကိုင်လာတာဖြစ်တဲ့ အတွက် အဆိုတော် မိုးမိုးအနေနဲ့ စီးပွားရေး အတွေ့အကြုံတစ်ခုကိုအခုလို
”ကျွန်တော်တို့အနုပညာအလုပ် ရပ်ပြီး စီးပွားရေးလုပ်မယ်လို့ လေ့လာ လိုက်တဲ့အချိန်က တကယ် ကို ပင်ပန်းခဲ့တယ်။ ကျွန်တော်ပြီးခဲ့တဲ့ လကလည်း စီးပွားရေးလုပ်လို့ ကျပ်သိန်းသုံး ရာလောက် ပြုတ်သွား တယ်။ ဒါကြောင့်လောလော ဆယ် တော့ စီးပွားရေးကို အချိန်လေး နည်းနည်း ယူပြီးမှ လုပ်ဖြစ်မယ်” လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here