Shin Min Ah ရဲ့ အချစ်ရေး အပြောင်းအလဲမရှိ

0
227

မင်းသား Kim Woo Bin နဲ့ မင်းသမီး Shin Min Ah တို့ရဲ့အချစ်ဇာတ်လမ်းဟာ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Channel  ရဲ့Heard It Through the Grapevine” အစီအစဉ်မှာ အဓိက ခေါင်းစဉ်ဖြစ်ခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ တစ်ဦးက အခုလို ပြောခဲ့ပါတယ်။

“ကျွန်တော် ကြားသိတာကတော့ မင်းသမီးဟာ Kim Woo Bin တက်နေတဲ့ ဆေးရုံကို သူမမှာ ရိုက်ကူးရေးမရှိတဲ့ အချိန်တွေမှာ သွားရောက် အဖော်ပြုပေးလေ့ရှိပါတယ်။ သူမဟာ အလွန်ကို စိတ်ထားလှပတဲ့ အမျိုးသမီးပါ”နောက်ထပ် တင်ဆက်သူတစ်ဦး ထပ်မံပြောကြားခဲ့တာက “သူတို့ ပြတ်သွားပြီဆိုတဲ့ သတင်းက မမှန်ပါဘူး။ မင်းသမီးက အခုထိ သူမရဲ့ ချစ်သူကို ဂရုတစိုက်နဲ့ ပြုစုနေတုန်းပါ။ သူတို့ ၂ ဦးတွဲနေတာ ၂ နှစ်ကျော်နေပြီး ဘာပြသာနာမှ မရှိခဲ့ပါဘူး။ သူတို့ ၂ယောက်ရဲ့ အချစ်က ရိုမန်တစ်ဆန်ပါတယ်။ နေမကောင်းတဲ့ကောင် လေးကို ကောင်မလေးက ဂရုတစိုက် ပြုစုပေးနေတာပါ။ မင်းသားဟာ ကင်ဆာကြောင့် နေမကောင်းဖြစ်ခဲ့ ပေမယ့် သူတို့ ၂ နှစ်ဦးရဲ့ ချစ်ခြင်းကတော့ ပိုပြီး ခိုင်မြဲလာခဲ့ပါတယ်”လို့ ပြောကြားထားတာ ကို တွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here