ဟာသချစ် ပရိသတ်များအတွက် ပျော်ရွှင်စရာတွေ ယူဆောင်လာတဲ့ ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကား

0
200

ဟာသဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ ”ကြီးလေးကြီး”ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ကာ ရုံတင်ပြသနေပြီဖြစ်ပါ တယ်။ အုပ်ကြီး၊ လူပျိုကြီး၊ အပျိုကြီး နဲ့ အာကြီး ကာရိုက်တာတွေနဲ့ ဇာတ်ရုပ်လေးဦးကို အဓိကထား ပုံဖော်တဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာတော့ လူမင်း၊ ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်နဲ့ ခိုင်သင်းကြည်တို့က အဓိကပါဝင် ထားကြသလို ဟာသသရုပ်ဆောင် များစွာကို လည်း မြိုင်မြိုင် ဆိုင်ဆိုင် ထည့်သွင်း ထားပါတယ်။ ဒါရိုက်တာ ပြည်ဟိန်း သီဟပုံဖော် ရိုက်ကူးတဲ့ ကြီးလေးကြီး ဇာတ်ကားရိုက်ကူး စဉ်ကကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေ အကြောင်းကို …

”အမှတ်တရလေးကတော့ အစ်မတို့ သရုပ်ဆောင်လေးယောက် ဟိုတယ်တစ်ခုထဲမှာ အတူတူတည်းခို တယ်။ အတူတူသွား၊ အတူတူလာနဲ့ ရုပ်ရှင်ရိုက်ကြတယ်။ ဟာသလူရွှင် တော်တွေလည်း အများကြီးပါတယ် ဆိုတော့ အကုန်လုံး အဲဒီနေရာ ပုပ္ပါး ဒေသဘက်မှာ စုမိပြီးတော့ တအား ပျော်စရာ ကောင်းခဲ့ပါတယ်။ ဒီဇာတ် ကားရိုက်နေရင်းပဲ မှတ်မှတ်ရရ Live လည်း လွှင့်ဖြစ်တယ်။ ဒါကို လည်း ပရိသတ်တွေတအား ကြိုက် ကြတယ် လို့ပြောကြတဲ့ အပေါ်မှာ ကိုယ်ကိုယ် တိုင်လည်း ကျေနပ်မိပါတယ်။ ဒါတွေ ကတော့ ကြီးလေးကြီး ဇာတ်ကား အတွက်အမှတ်တရတွေပါ။ ရိုက် ကူးနေရင်းနဲ့ လည်း အားလုံးက စကြနောက်ကြနဲ့ ဆိုတော့ ရိုက်ကူး ရေးလုပ်ခဲ့တဲ့ အဲဒီရွာက ပရိသတ် တွေလည်းအမှတ်တရရှိမယ်လို့ ထင်ပါတယ်” လို့ အပျိုကြီး နေရာက ပါဝင်သရုပ်ဆောင် ထားတဲ့ အိန္ဒြာကျော်ဇင်ကပြောပြပါတယ်။ ‘ကြီး လေးကြီး’ရုပ်ရှင်ဇာတ်ကားရဲ့ အထူး ပြသပွဲကိုတော့ ဇန်နဝါရီလ ၁၄ရက် နေ့နံနက် ၇ နာရီခွဲက သမ္မတ ရုပ်ရှင် ရုံမှာပြုလုပ်ခဲ့ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here