တတိယ တေးအယ်လ်ဘမ် ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ စိုးပြည့်သဇင်

0
232

‘ချစ်သူရွေးမယ်’ တေးအယ်လ် ဘမ်နဲ့ ‘အချစ်ကိုရှာဖွေတွေ့ ရှိခြင်း’ ဆိုတဲ့ တေးအယ်လ်ဘမ် ၂ ခုကို ထွက်ရှိထားရှိပြီးပြီ ဖြစ်တဲ့ သရုပ် ဆောင် အဆိုတော် စိုးပြည့် သဇင်က နောက်ထပ်တတိယတေး အယ်လ် ဘမ်ထွက်ရှိလာနိုင်ဖို့အတွက် ပြင် ဆင်နေတယ်လို့သိရပါတယ်။ ဒီ တတိယ တေးအယ်လ်ဘမ် နဲ့ပတ် သက်ပြီး စိုးပြည့်သဇင်က …

”စိုးပြည့် တတိယအယ်လ်ဘမ် အတွက်လုပ်နေပြီ။စိုးပြည့်ကလေ အယ်လ်ဘမ်တစ်ခုလုံးထွက်ရှိဖို့ အတွက်ကိုတော့ နည်းနည်းလေး အချိန်ယူရဦးမယ်။စိုးပြည့်မယုံ နိုင်တဲ့အရာလိုမျိုး သီချင်းအခန့် လေးတွေလည်းပါမယ်။R&B မြူး ဇစ် စတိုင်လေးတွေလည်းပါပါမယ်။ပြီးတော့ ပေါ့ပ်လေးတွေ ပါပါမယ်။အဓိကအားဖြင့်တော့ စိုးပြည့်က ပေါ့ပ်လေးတွေနဲ့ ပိုလိုက်တယ်လို့ မြင်တယ်။ စိုးပြည့်အသံကလေ။အဲဒီ အတွက်ကြောင့်မို့ အဲဒီလို သီချင်း မျိုးလေးတွေကိုပဲ အဓိကထား ပြီးလုပ်တယ်” လို့ပြောပါတယ်။

တေးသီချင်းခွေများကို တစ် ခွေနဲ့ တစ်ခွေမတူရအောင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားသွားမှာဖြစ်သလို အခွေတစ် ခွေ လုပ်တိုင်းလည်း အတွေ့အကြုံ များရကြောင်းကို စိုးပြည့်သဇင်က..

”တစ်ခွေလုပ်ရင်တော့ တစ်ခွေ အတွက် အတွေ့အကြုံရတာပေါ့နော်။ဘာပဲပြောပြော ဘယ်လိုသီချင်းပုံစံမျိုးလေးတွေလုပ်ရမယ်။ဘယ်လိုမျိုး လေးတွေ ပြောင်းမလဲဆိုတာကတော့ စိတ်ထဲမှာ အမြဲစဉ်းစားနေပါတယ်။တတိယအယ်လ်ဘမ်ကိုMTVပါ ရိုက်ပြီး ပရိသတ်လက်ထဲကို မကြာ ခင်အရောက်ပို့တော့မှာပါ။ ပြီးတော့ စိုးပြည့်နဲ့ မဒီးဆိုမယ့် သီချင်းကိုတော့ မစ်ရှင်ဆွဲနေပြီ။ အဲဒါလည်း မကြာ ခင်ထွက်ရှိတော့မယ်ပေါ့နော်။အဲဒါ ကို အွန်လိုင်းမှာ အရင်တင်မယ်ဆို တော့ ဒါကထွက်လာတော့မယ်ပေါ့ နော်။အဲဒါတော့ ပရိသတ်တွေအား ပေးကြပါဦးပေါ့နော်” လို့ပြောပါတယ်။

အခုလတ်တလောမှာတော့ စိုးပြည့်သဇင်က ဒါရိုက်တာ ရာဇဝင် ကို ရိုက်ကူးနေတဲ့ ‘မြွေ’ ဗီဒီယို ဇာတ် ကားကို ဥက္ကာမင်းမောင်၊ အောင် လေး၊ တက်နေ၊ မေမြတ်နိုးတို့နဲ့ အတူ သရုပ်ဆောင်နေပါတယ်။ဒီ ဇာတ်ကားရိုက်ကူးပြီးရင်တော့ နယ် ရှိုးပွဲများကိုသွားရောက် သီဆိုဖို့ရှိပြီး ဖေဖော်ဝါရီလထဲမှာတော့ ဒရာမာ ရုပ်ရှင်ဇာတ်ကား ကြီး ဆက်လက်ရိုက်ကူး ဖို့ ရှိကြောင်းသိရပါ တယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here