မင်းသားလည်း မဖြစ်ချင်၊ အဆိုတော်လည်း မဖြစ်ချင် အတီးသမားပဲ ဖြစ်ချင်တဲ့နိုင်ဇော် (ART Robots)

0
144

“သီချင်းတွေတီးဖို့ မွေးဖွား လာတဲ့သူလို့ ကျွန်တော်က ပြော ချင်တယ်။ မင်းသားလည်း မဖြစ်ချင်ဘူး၊ဒါရိုက်တာလည်းမဖြစ်ချင်ဘူး။ အဆိုတော်လည်း မဖြစ်ချင်ဘူး။ ဘာမှမဖြစ်ချင် ဘူး။ ကျွန်တော်ဖြစ်ချင်တာက သီချင်းတွေကို ကောင်းအောင် ဖန်တီးပေးတဲ့သူပဲ ဖြစ်ချင်တဲ့ အတွက် ဘယ်သီချင်းလာလာ ကောင်းအောင် တော့ ဖန်တီးပေးမှာပဲ” လို့ နိုင်ဇော် (ART ROBOTS ) က သူ့ရဲ့အနုပညာအပေါ်ထားတဲ့ခံယူချက်ကိုပြောပြပါတယ်။

သူ့အနေနဲ့နာမည်ကြီးချင်တာမျိုး မဟုတ် ဘဲ သူတီးခတ်တဲ့သီချင်းကိုပဲ နာမည်ကြီး စေချင်တာဖြစ်ကြောင်း၊သူတီးတဲ့သီချင်းတွေက ဖြည်းဖြည်းချင်းနဲ့ ပရိသတ်တွေဆီကို ရောက် လာပြီဆိုတာကို သိရတဲ့အတွက် ဝမ်းသာမိ သလို ထပ်ရောက်ဖို့ကိုလည်း အများကြီးဆက် ကြိုးစားမှာဖြစ်ကြောင်း နိုင်ဇော်က ပြောပါ တယ်။

“အစ်ကိုဆိုရင်လည်း အသက် က ၅ဝ ပြည့်တော့မယ်ဆိုတော့ အနုပညာလောကမှာ ဘယ်လောက်အထိ ရပ်တည်ခွင့်ရမလဲမသိ ဘူးလေ။ ကိုသိန်းတန်တို့လို ၇ ဝလောက် အ ထိ ရရင်တော့ကောင်းတာပေါ့။ အဲဒီတော့ အစ်ကိုတို့အကောင်းဆုံး အချိန်တွေ ကျော်ခဲ့ ပါပြီ။ ဒါပေမဲ့လုပ်ခွင့်ရတဲ့အချိန်မှာ အကောင်း ဆုံးဖြစ်စေချင်တဲ့ စိတ်နဲ့လုပ်တယ်”လို့ နိုင်ဇော် ကပြောပါတယ်။

လက်ရှိဂီတလောကမှာထွက် ရှိနေတဲ့ အခွေ အရေအတွက်ကတော့ များ ပြားပေမယ့် အခွှေQualityကတော့ တကယ် ကောင်းတဲ့ အခွေကနည်းပါးလာလို့လည်း လူ တွေစိတ်ဝင်စားမှုနည်းတယ်လို့ သူ့အနေ နဲ့ထင်မိကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ ဘက်ကတော့ ကျွန် တော်တို့ရဲ့ ကျဆင်းနေတဲ့ လောကကို အ တတ်နိုင်ဆုံး ကျားကန်ပြီး အကောင်းဆုံး ရပ်တည်မှာပါ”လို့ နိုင်ဇော်ကပြောပါ တယ်။ လက်ရှိမှာတော့ နိုင်ဇော်က Lazy club ကို ဖျက်သိမ်းပစ်လိုက်ပြီးRT ROBOTS Band အဖြစ် ဆက်လက်လုပ် ဆောင်နေပါတယ်။ ဒါ့အပြင်သူက ရွှေထိုက် ရဲ့MTVကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးပေးခဲ့ ပါသေးတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here