နွေစပါး နွေသီးနှံ ၃၇၇၁၁၁ ဧကကျော် အတွက် သဖန်းဆိပ် ရေလှောင်တမံမှ စိုက်ပျိုးရေပေးဝေမည်

0
174

စစ်ကိုင်းတိုင်း ဒေသကြီး၊ သဖန်းဆိပ်ရေလှောင် တမံရှိ မြောင်းကြီး ၄ မြောင်းမှ နွေစပါး နွေသီးနှံ ၃၇၇၁၁၁ ဧက ကျော် အတွက် စိုက်ပျိုးရေပေးဝေ သွား မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဆည်မြောင်းနှင့်ရေအ သုံးချမှု ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ဆွေထံမှသိရသည်။

”သဖန်းဆိပ်ရေလှောင်တမံမှာလက်ရှိဆည်ရေပြည့်သိုလှောင်ရေ ပမာဏနီးပါး ၂၆၄၈၂၉ဝ ဧက ရေသိုလှောင်ထားပြီး မြောင်းကြီး ၄မြောင်းကနေ၂ဝ၁၇-၁၈ခုနွေစပါး စိုက်ပျိုးဧက ၃ဝ၆၇၄၁ ဧကနဲ့ နွေသီးနှံ ၇ဝ၃၇ဝ ဧကစုစုပေါင်း ၃၇၇၁၁၁ ဧကကို ဆည်ရေအလုံအ လောက်ပေးဝေနိုင်ပါတယ်။ ဒါ့ အပြင် လာမယ့် ၂ဝ၁၈-၁၉ ခုနှစ်မှာ မိုးစပါး ပျိုးထောင်ရေပေးဝေဖို့ အတွက်ပါ လုံလောက်ပါတယ်။ နွေစပါးနဲ့နွေသီးနှံစိုက်ပျိုးမယ့် တောင် သူ တွေအတွက် ဖေဖော် ဝါရီလ ၁၅ ရက်ကစပြီး ဆည်ရေပေး သွားမှာ ဖြစ်ပါတယ်” ဟုညွှန်ကြားရေးမှူး ဦးကြည်ဆွေကဆက်လက် ပြောကြား သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဆည် မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှု ဦးစီးဌာနမှ သဖန်းဆိပ်ရေလှောင် တမံ၏၂ဝ၁၇-၁၈ခုနှစ်၊ နွေစပါးနှင့် နွေသီးနှံ လျာထားဧကပြည့်မီအောင် စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ယခုအခါ တူးမြောင်းများရေစီးရေ လာကောင်းမွန်အောင် ဆောင်ရွက် နေသလို ရေယူမည့်တောင်သူများအ နေဖြင့် လိုက်နာရမည့်ဆည်မြောင်းဥပဒေဆိုင်းဘုတ်များကိုစိုက်ထူပေး နေကြောင်းသိရသည်။ထို့အပြင် စိုက်ပျိုးရေ လိုအပ်ပါကဆက်သွယ် ရမည့် ပြည်သူ့ဝန်ထမ်းနှင့်တောင် သူမိတ်ဖက်တို့၏ဖုန်းနံပတ် Call Center များ၊ ရေစတင်ပေးဝေမည့် နေ့ စိုက်ပျိုးရေရောက်ရှိမည့် နေရာ စသည့်အသိပေးဆိုင်းဘုတ်များကို မြောင်းဆုံမြောင်းခွများတွင် စိုက်ထူထားပြီးဖြစ်ကြောင်းသိရသည်။

”သဖန်းဆိပ်ရေလှောင်တမံမှာသိုလှောင်ထားတဲ့ ဆည်ရေတွေကို လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ပြီး အောက်ဘက် ၉ မိုင်အကွာမှာရှိတဲ့ ကင်းတပ် ရေထိန်းတမံက လက် ဝဲတူးမြောင်းနဲ့ လက်ယုတူးမြောင်း တွေကတစ်ဆင့် ဆည်ရေပေးဝေတဲ့အ ပြင်ကင်းတပ်ရေထိန်းတမံအောက် ၂၄ မိုင် အကွာမှာရှိတဲ့ ကာ ဘိုးရေ လွှဲဆည်ကလည်း ရွှေဘိုတူး မြောင်းနဲ့ ရေဦးတူးမြောင်းတို့နဲ့ စိုက်ပျိုး ရေကိုပေးဝေတာပါ” ဟု ဦးကြည် ဆွေက ရှင်းပြသည်။ ဆည် ရေဖြင့် မူးမြစ်အရှေ့ဘက်ကမ်းတွင် ကန့် ဘလူ၊ ခင်ဦး၊ ရွှေဘိုဝက်လက်၊ စစ်ကိုင်းမြို့နယ် အနောက်ဘက်ကမ်း တွင် တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင် မြို့နယ်၁ဝ မြို့နယ်မှ တောင်သူများကရေယူစိုက် ပျိုးလျက်ရှိရာ၂ဝ၁၇-၁၈ခုမိုးစပါး ဧက ၄၈၉၄၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်း ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here