ချေတယ်ဆိုတာကို မကြိုက်ဘူး လက်မခံဘူးဆိုတဲ့ မေမြတ်နိုး

0
239

မော်ဒယ်သရုပ်ဆောင် မေမြတ်နိုးက လူမှုပြောဆိုဆက်ဆံရေးမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် Respect ထားပြီး ပြောဆိုဆက်ဆံတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ချေတယ်ဆိုတာကို လက်မခံဘူး မကြိုက်ဘူးလို့ ပွင့်လင်းစွာပြောပြလာပါတယ်။

”သမီးကလေ အကုန်လုံးကို အကြီးဆိုလည်း Respect ပေးတယ် အငယ်ဆိုလည်း ချစ်ခင်လေးစားစွာဆက်ဆံတယ်ပေါ့နော်။ အားလုံးကို တစ်ယောက်နဲ့တစ်ယောက် Respect ထားပြီးဆက်ဆံတဲ့ လူတစ်ယောက်ဖြစ်တယ်။ပြီး တော့ ချေတယ်ဆိုတာကို မြတ်နိုးမကြိုက်ဘူး၊ လက်လည်းမခံဘူး။ လူလူချင်းလေ ဘာချေစရာအကြောင်းရှိလို့လဲ။ ကိုယ်ဟာကိုယ်ဘယ်လောက်ပဲကောင်းကောင်း သားသားနားနားရှိနေနေ သူများသိဖို့ပဲလိုတယ်။ ကိုယ်က လုပ်ပြနေစ ရာမလိုဘူး။ အဲဒီတော့ အဲဒါကို လက်မခံနိုင်ဘူး။ ချေတယ်ဆိုတာ ကိုပေါ့နော်။လူတစ်ယောက်နဲ့ တစ်ယောက်ကလေ ကိုယ်ကဘယ်လောက်ပဲချမ်းသာ ချမ်းသာ ဘယ်လောက်ပဲတော်တော် ဂုဏ်တွေရှိနေပါစေ ကိုယ်က အဲဒါတွေရှိနေလေ စိတ်ကိုအောက်ကျနောက်ကျနေရမယ်။ဘာ ဖြစ်လို့လည်းဆိုတော့ မြတ်နိုးယုံကြည်မှုတစ်ခုကကြတော့ ကိုယ် မရရအောင်ယူတဲ့ Respect ထက် သူများက လိုလိုလားလား ကြီးပေးတဲ့ Respect ကိုပိုတန်ဖိုးထားတယ်”လို့မေမြတ်နိုးက ပြောပါတယ်။

ဒီလိုအချေခံရမှုမျိုးကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရဘူးကြောင်း နဲ့ တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါမှာ ပြုံးပြ နှုတ်ဆက် မယ်ဆို အားလုံးပျော်ရွှင်ရမှာဖြစ်ကြောင်းကို . . .

”အဲဒီလိုမျိုးကြုံတွေ့ရဖူးပါတယ်။ မြတ်နိုးဆို အငယ်၊ အကြီး မြတ်နိုးကို အကုန်လိုက်နှုတ်ဆက်တယ်။ ချေပြီးတော့ မပြုံးချင် ပါဘူး အရင်ပြုံးမပြချင်ပါဘူးလို့။ ပြုံးပြလိုက်လို့သေသွားတာမှ မဟုတ်တာ ဟုတ်တယ်မလား။ ကိုယ်ပြုံးပြလိုက်လို့ သူတစ်ပါး စိတ်ချမ်းသာရမယ်ဆိုရင် တစ်ချိန်လုံးပြုံးနေမှာလေ။ အဲဒီလိုဆို မြတ်နိုး တစ်ချိန်လုံးပြုံးနေတယ်။။ ကိုယ်ပြုံးပြလိုက်ရင်သူများလည်း အလိုလိုပြန်ပြုံးလာမှာပဲ။ အဲဒီလိုအပြုံးလေးတွေနဲ့ဆက်နှုတ် ပြောဆိုမယ်ဆို အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ မကောင်းဘူးလား”လို့ မေမြတ်နိုးကပြောပြခဲ့ပါတယ်။

အခုလတ်တလောမှာတော့ မေမြတ်နိုးက ဒါရိုက်တာ ရာဇဝင်ကိုရိုက်ကူးနေတဲ့ ‘မြွေ’ ဗီဒီယို ဇာတ်ကားကို ဥက္ကာမင်းမောင်၊ အောင်လေး၊ တက်နေ၊ စိုးပြည့် သဇင်တို့နဲ့ ပါဝင်ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here