အွန်လိုင်းပေါ်က အနုပညာရှင်တို့ အထူးသတင်း

0
313

မင်းသား ပြေတီဦးနဲ့ မင်းသမီး အိန္ဒြာကျော်ဇင်တို့ရဲ့ ရိုးရှင်းတဲ့ နေ့လယ်စာ

အကယ်ဒမီဆုပေးပွဲကြီးလည်း ကျင်းပဖို့ ရက်နီးကပ်လာတာနဲ့အမျှ ပရိသတ်ကြီးရဲ့ အကယ်ဒမီအကြို ခန့်မှန်းချက်တွေကလည်း ထွက်နေ ပြီဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာ ရှင်များရဲ့ အကယ်ဒမီအကြို ရင်ခုန် သံများကိုလည်း ကြားနေရပြီဖြစ်ပါ တယ်။ ၂ဝ၁၇ ခုနှစ်၊ အကယ်ဒမီ ဆုပေးပွဲမှာ အဓိကဇာတ်ဆောင်ဆု ရမယ်လို့ တစ်ပြေးနေတဲ့ ပရိသတ် အချစ်တော် အူဝဲ (အိန္ဒြာကျော်ဇင်) ရဲ့ ချစ်ခင်ပွန်း ပြေတီဦးနဲ့အတူ သစ်ပင်ရိပ်အောက်မှာ နေ့လယ်စာ စားနေတဲ့ ဓာတ်ပုံလေးကလည်း ပရိသတ်တွေအတွက် ကြည်နူးမှု အပျော်တွေ ကူးစက်ခဲ့ရပါတယ်။

Eaindra Kyaw Zin Facebook account မှာ ” အပင် ကြီးအောက်က နေ့လယ်စာတို့ ဘာ တို့။ ညစ်တွန်း ရိုက်ကွင်းမှာပါ” ဆိုပြီး ထမင်းစားဖို့ ရိုးရိုးရှင်းရှင်း ပြင်ထား တဲ့ ဓာတ်ပုံလေးက like 60K ၊ comment 1.2 K နဲ့ Share 505 ခု ရှိပါတယ်။ ဒီဓာတ်ပုံလေးအပေါ်မှာ အူဝဲနဲ့ ပြေတီဦးတို့ရဲ့ ပရိသတ်တွေရဲ့ comment တွေများစွာထဲက Angle Lay ဖေ့စ်ဘုတ်ခ်အကောင့်က ”စိတ် ချမ်းသာလိုက်တာ။ တစ်သက်လုံး အဲဒီလိုလေးပဲ မြင်ပါရစေ။ တအား ချစ်တဲ့ အနုပညာရှင်နှစ်ယောက်မို့ ပါ”။ Tun Tun အကောင့်က ”ထာဝရကုသိုလ်ပြုနိုင်ပြီး ငြိမ်းအေး သောဘဝပိုင်ရှင် မိသားစုလေးဖြစ်ပါ စေလို့ ထာဝရဆုတောင်းပေးလျက် ပါ”။ ရည်မွန်အကောင့်ပိုင်ရှင်က ”မြင်ကွင်းလေးက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ အမြဲတမ်း အောင်မြင်ပြည့်စုံ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာတဲ့ မိသားစုလေးဖြစ် ပါစေ”။ မင်းသမိုင်းရာဇဝင် ကဗျာ သစ် အကောင့်ပိုင်ရှင်က ”အနုပညာ ရှင်မိသားစုထဲမှာတင် မဟုတ်ဘူး၊ ပြေတီနဲ့ အူဝဲတို့ မိသားစုက အပြင် လောကအတွက်လည်း စံနမူနာ ယူ ထိုက်တဲ့ အိမ်ထောင်သည်မိသားစု”။ Khaing Wai Phyo အကောင့် ပိုင်ရှင်က ”အလုပ်တူ၊ ဝါသနာတူ ပျော်စရာလေး။ သူက မင်းသားဆို၊ ကိုယ်ကမင်းသမီး၊ မအူဝဲရယ် စိတ် ချမ်းသာတာ မြင်ရတွေ့ရ”။ Pyinoo Lwinthu အကောင့်ပိုင်ရှင်က ”မအူဝဲဇာတ်ကားတွေ ကြည့်ချင် လှပါပြီ။ နှစ်ယောက်လုံးကို အားပေး နေလျက်ပါနော်”။Tr Aye Myat Kyi အကောင့်ပိုင်ရှင်က ”ကွီးပြေတီ ဝနေတယ်။ ဝိတ်လျှော့ပါ၊ ကြည့် မကောင်းတော့ဘူး၊ မင်းသား ဇာတ်ရုပ်နဲ့”။Shwe Yee Shwe Yee အကောင့်ပိုင်ရှင်က ”ကေသစ် လေးနဲ့ လန်းနေတဲ့အစ်ကိုနဲ့ အမြဲ တမ်းနုပျိုနေတဲ့ ချစ်မစုံတွဲလေး မြင်ရတော့ စိတ်ချမ်းသာ”။ Yaw Nyein အကောင့်ပိုင်ရှင်က ”ထမင်း စားတဲ့ စားပွဲလေးက မိုက်တယ်နော် မေမေ အူဝဲ။ နှစ်ယောက်လုံးကို အမြဲ အားပေးနေလျက်ပါ။ အမြဲအောင် မြင်ပျော်ရွှင်ကြပါစေ”။Mhon Yi Chal အကောင့်ပိုင်ရှင်ကလည်း ”စားကောင်းမယ့်ပုံလေး ရှလွတ်၊ ဒါနဲ့ အဲပုံးစိမ်းလေးက ညလေးတို့အိမ်က ပုံးလေးလားဗျ Eaindra Kz”။ June Lay အကောင့်ပိုင်ရှင်က ”အားပေး နေ လျက်ပါခင်ဗျာ။ ဒီထက်မက အောင်မြင်ကျော်ကြားပြီး မြန်မာ ပြည်ကြီးကို တစ်ပိုင်တစ်နိုင် ကူညီ ထောက်ပံ့သွားနိုင်သော မိသားစု တွေ ဖြစ်ပါစေလို့ ထိုင်းရောက်နေ သူတစ်ဦးမှ အစဉ်အမြဲ အားပေး လျက်ပါ”လို့ အသီးသီး comment တွေပေး၊ အားပေးကြတဲ့ စကားလေး တွေက ဝမ်းသာကြည်နူးစရာပါ။

ပရိသတ်တွေ ထင်ကြေးပေး ထားတဲ့ အကယ်ဒမီဆုကြီးလည်း အူဝဲ ရရှိပါစေလို့ ကိုကိုပွကျယ်လည်း ထပ်မံဆုတောင်းပေးလိုက်ပါတယ်။ အေးမြချမ်းသာ၊ ကျန်းမာကြပါစေ။

ကိုကိုပွကျယ်


LEAVE A REPLY

Please enter your comment!
Please enter your name here