နိုင်ငံရဲ့ နယ်နိမိတ်ကို သတ်မှတ်ရန်အတွက်ကပြဖျော်ဖြေခဲ့ကြတဲ့နှင်းဆီနယ်နိမိတ် အငြိမ့်

0
334

နှင်းဆီလူရွှင်တော်များဖြစ်ကြတဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့နဲ့ မေကဗျာ၊ မိုးယုစံ၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံစတဲ့ နှင်းဆီမင်းသမီးများ ပါဝင်တဲ့ နှင်းဆီနယ်နိမိတ်အငြိမ့်ကို ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂ဝ ရက်များမှာ အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေခဲ့ကြပါတယ်။ ရခိုင်ဒေသပြန်လည် ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ဒီပွဲကို ကပြဖျော်ဖြေတာဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါ နှင်းဆီနယ်နိမိတ် အငြိမ့်နဲ့ပတ်သက်ပြီး နှင်းဆီအငြိမ့်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ခုလို ပြောပြခဲ့ပါတယ်။နှင်းဆီလူရွှင်တော်များဖြစ်ကြတဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့နဲ့ မေကဗျာ၊ မိုးယုစံ၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံစတဲ့ နှင်းဆီမင်းသမီးများ ပါဝင်တဲ့ နှင်းဆီနယ်နိမိတ်အငြိမ့်ကို ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂ဝ ရက်များမှာ အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေခဲ့ကြပါတယ်။

 

“ဒီနှင်းဆီနယ်နိမိတ်အငြိမ့် ကဖြစ်တာကတော့ ရခိုင်ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် ခြံစည်းရိုးကာဖို့ နယ်နိမိတ်တစ်ခုသတ်မှတ်ဖို့    နှင်းဆီနယ်နိမိတ်ပွဲလေးစီစဉ်ဖြစ်တာပါ။ အဲ့ဒါကြောင့်လည်း နှင်းဆီနယ်နိမိတ်ဆိုတဲ့ နာမည်နဲ့ ကဖြစ်သွားတာပါ။ ကားရိုက် တွေနဲ့ မအားကြတဲ့ကြားကနေ ဒီနှင်းဆီနယ်နိမိတ်အငြိမ့်ကို စီစဉ် ခဲ့ကြတာဖြစ်တဲ့အတွက် တကယ်လည်း ပင်ပန်းကြပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဒီပွဲမှာ အငြိမ့်တစ်ခုတည်း သာမက ရခိုင်တိုင်းရင်းသား အဆိုတော်များရဲ့ တေးသီချင်းများ သီဆိုဖျော်ဖြေမူများလည်း ပါဝင်ခဲ့ပါတယ်။

 သတင်း – ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here