သင်္ဘော အရာရှိလည်းဖြစ်၊ တစ်ကိုယ်တော် အခွေလည်းထွက်၊ အောင်မြင်မှုတွေနဲ့ Ice Coldရဲ့ ၂ဝ၁၈

0
178

သင်္ဘောအရာရှိစာမေးပွဲက ဆုံးခန်းတိုင်သွားပြီ ဖြစ်တဲ့အတွက် တစ်ကိုယ်တော်အခွေကို ၂ဝ၁၈ခုနှစ် ထဲမှာ အပြီးသတ်ထွက်ရှိနိုင်တော့ မှာပါလို့ ဟစ်ဟော့ပ်အဆိုတော် Ice Cold ကပြောပါ တယ်။

“ဂီတပိုင်းက အခုကျွန်တော် စာမေးပွဲပြီးသွားတဲ့အနောက်မှာ ကျွန်တော့် သူငယ်ချင်း G.Fatt ရဲ့Second Album ထွက်ရှိဖို့အတွက်ကို ကူညီနိုင်တာလေး တွေ ကူညီပေးထားတယ်။ ကျွန်တော့်မှာ Instrumental နဲ့ ပတ်သက်လို့ လိုအပ် တာလေးတွေ ရှိတယ်။ အဲဒါလေးတွေကို လေ့လာနေတယ်။ စာမေးပွဲ ကိစ္စက လည်း နောက် ဆံတင်းစရာမရှိတော့ဘူးဆိုတော့ အဲဒီဟာတွေ လုပ်ကိုင်နေရင်းနဲ့ အခု ဒီ ၂ဝ၁၈ခုနှစ်ထဲမှာ ကျွန်တော့်တစ်ကိုယ်တော်အခွေကို ကျွန်တော်စိတ်အေးအေး ထားပြီးလုပ်လို့ ရသွားပါပြီ။

၂ဝ၁၈ခုနှစ်ထဲ မှာ ထွက်ရှိဖို့ကတော့သေချာသွားပါပြီ”  လို့ သိရပါတယ်။ လတ်တလောရုံတင်ပြသနေတဲ့ ‘ကိုယ့်သမိုင်းကိုယ်ရေး ကြသူများ-၂’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း Ice Cold က ပါဝင်သရုပ် ဆောင်ထားလေတော့ ဇာတ်ကားသရုပ်ဆောင်ခဲ့စဉ်က ဘယ်လိုအမှတ် တရတွေရှိလဲဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။

“ဖိုက်တင်ခန်းတွေပေါ့နော်။ ငယ်ငယ်တုန်းက မြန်မာဇာတ်ကား တွေ ကြည့်ရှုရင်ဒီအတိုင်းပဲ ပရိသတ်အနေနဲ့ကြည့်ရှုဖူးတာပေါ့။ အဲဒီ အထဲမှာ သုံးတဲ့ပစ္စည်းတွေကို ကျွန်တော်တို့ မသိဘူးပေါ့နော်။ တုတ်တွေ ဆိုရင်လည်း တကယ့်တုတ်တွေနဲ့ပဲရိုက်တာလား၊ ဘာ လားပေါ့။ တကယ်ရိုက်တော့မှ ရုပ်ရှင်ထဲမှာရိုက်တဲ့တုတ်တွေ၊ သွေး တွေစသဖြင့်ပေါ့။ အမှတ်တရတွေ အများကြီးတွေ့ခွင့်၊သိခွင့်ရ လိုက်ပါတယ်” လို့ သူ့အတွေ့ အကြုံကို Ice Cold ကပြောပါတယ်။

သရုပ်ဆောင်အလုပ်ဆိုတာ Ice Cold တို့နဲ့ဆို တော်တော်လေး အလှမ်းဝေးတဲ့အနေအထားဆိုတော့ စိုးရိမ်စိတ်တွေရှိခဲ့သလားဆိုတဲ့ အမေးကိုလည်းIce Cold က “စိုးရိမ်တာတော့ တော်တော်စိုးရိမ် ပါတယ်။ အခုမှစပြီးသရုပ် ဆောင် ဖူးတာဆိုတော့ အဆင်မှပြေပါ့မလားဆိုတဲ့ စိတ်လေးတော့ ဖြစ်မိတယ်။ ကိုယုန်လေးကပြောပါတယ်။ အဆင်မပြေစရာ အကြောင်း တော့ မရှိပါဘူးတဲ့။ ကျွန်တော်တို့ ဂီတလောက အသိုင်း အဝိုင်းက ကျွန်တော် တို့အပြင်မှာ တကယ်လုပ်နေတဲ့ အရာတွေကိုပဲ လုပ်ရ တာဖြစ်တဲ့ အတွက် တကယ်ရိုက်ကူးတဲ့အခါမှာ အဆင်ပြန်ပြေသွားပါ တယ် ခင်ဗျ”  လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here