သဘင် အစည်းအရုံး (ဗဟို)၏ထောက်ခံချက် ပါရှိမှသာလျှင် တစ်နိုင်ငံလုံး သဘင့်ပွဲမိန့်များ ခွင့်ပြုတော့မည်

0
134

မြန်မာ့သဘင်နဲ့ပတ်သက်တဲ့ ရိုးရာယဉ်ကျေးမှု အနုသုခုမ လက္ခဏာများ ထိန်းသိမ်းနိုင်ဖို့အတွက် သဘင်နဲ့ပတ်သက်တဲ့ အနုပညာအဖွဲ့အစည်းများ အားလုံး အနေနဲ့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးရဲ့ စိစစ်ထောက်ခံချက်ပါရှိမှသာ ပွဲမိန့်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုချက်ထုတ်ပေးကြရတော့မှာဖြစ် ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့၊ နံနက်၉နာရီခွဲအချိန်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနမှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီဒုတိယအကြိမ် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

”မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်တဲ့ အနုသုခုမပညာတွေဟာ လျော့ရဲနေတယ်။ မလိုလားအပ်တဲ့ ခေတ်ပေါ်အတိုတွေ၊ အပြတ်တွေဟာ သဘင်စင်မြင့် တွေမှာ လွှမ်းမိုးလာတာဖြစ်တဲ့အတွက် နိုင်ငံရဲ့ အနုသုခုမပုံရိပ်တွေ မှေးမှိန်ကျဆင်းလာပြီး အချိန်အတော်ကြာရင် ပျောက်ကွယ်သွားမှာ စိုးရတယ်ပေါ့။ ဒီအချက်တွေကို ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါမှာ ဒါတွေကို ဘယ်လိုပြန်လည်ထိန်းသိမ်းစောင့်ရှောက်မလဲပေါ့။ ထိန်းသိမ်းစောင့်ရှောက်တာကတော့ NGO အဖွဲ့အစည်းဖြစ်တဲ့ သဘင်က ပေါ့။ အဲဒီနောက်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန အစရှိသဖြင့်ပေါ့။ အဲဒါတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ ရဲ့ ဆုံးဖြတ်ချက်ကတော့ သဘင်နဲ့ပတ်သက်တဲ့ ဖျော်ဖြေပွဲတွေပေါ့။ အဲဒါတွေအားလုံး ဟာ သဘင်ရဲ့ အနုသုခုမပညာတွေကို ဖျက်လိုဖျက်စီးဖြစ်နေတဲ့အရာတွေကို ထိန်းသိမ်းဖို့ရာအတွက် သဘင်အစည်းအရုံးရဲ့ ထောက်ခံချက်ပါမှ သာလျှင် ဒေသ ဆိုင်ရာအာဏာပိုင်တွေက ပွဲမိန့်ပေးရမယ်ဆိုတဲ့ အစည်းအဝေးဆုံးဖြတ်ချက်ထွက် တယ်။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်က ထွက်လာတဲ့ လမ်းညွှန်ချက်က တစ်နိုင်ငံ လုံးကို သက်ရောက်ပါတယ်။ ပွဲမိန့်ကိုခွင့်ပြုတာက ဦးတို့သဘင် အစည်းအရုံးအပိုင်း မဟုတ်ပါဘူး။ ခွင့်ပြုတာက ဒေသဆိုင်ရာ အာဏာပိုင်တွေကပါ။ ထွေအုပ်တွေပေါ့ လေ။ ထွေအုပ်တွေက သဘင်အစည်းအရုံး ခွင့်ပြုချက်မပါဘဲနဲ့တစ်နေရာမှာ ခွင့်ပြု လိုက်တယ်ဆိုရင် သူတို့မှာပဲ တာဝန်ရှိသွားမှာပါပဲ။ ဦးတို့သဘင် အစည်းအရုံး(ဗဟို)က ခွင့်ပြုတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ စိစစ်တဲ့အဖွဲ့အစည်းပါ” လို့ ပွဲမိန့်ထောက်ခံ ချက်နဲ့ပတ်သက်ပြီး သဘင်အစည်းအရုံး (ဗဟို) ဒုတိယဥက္ကဋ္ဌ-၁ ဦးနေဝင်းက ပြော ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here