ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ သဘင်ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့

0
102

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှ မြန်မာ့သဘင်လောကမှာဖြစ်ပေါ်နေတဲ့ အခြေ အနေအရပ်ရပ်နဲ့ သဘင်ဖောင်ဒေးရှင်းရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

”မြန်မာ့သဘင်အဆင့်အတန်း မြင့်မားအောင် အားလုံးစုစုစည်းစည်း၊ ညီညီ ညာညာနဲ့ လုပ်ဆောင်ကြဖို့ပေါ့။ မြန်မာ့ရိုးရာ ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ အားလုံးအပေါ်မှာ ချီးမြှောက်မယ်ပေါ့။ ဦးတို့ ဖောင်ဒေးရှင်းအနေနဲ့ လုပ်ဆောင်ထားတဲ့ အရာတွေကိုလည်း ပြောပြဖြစ်ပါတယ်။ အစ်မကြီး ဒေါ်မာမာအေး ဟောပြောပွဲလုပ်တာ တွေ၊ သဘင်ဆိုင်ရာ သင်တန်းပေးတာတွေ၊ သဘင်ဖောင်ဒေးရှင်းက ဦးစီးပြီးလုပ်တဲ့ ပွဲတွေ၊ ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ပွဲတွေအကြောင်းပေါ့။ ဦးနန်းတို့အနေနဲ့ ပြောဖြစ် ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှာ နာယကပါ။ သဘင်ဖောင်ဒေးရှင်းမှာတော့ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေပါလို့ပေါ့။ အခုလို နှစ်ဖွဲ့ ဖြစ်နေရတာကတော့ ရှင်းပါတယ်လို့။ သဘင်ရဲ့ ဝါဏဇ္ဇကိစ္စတွေကိုတော့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက လုပ်ဆောင်နေပါတယ်။ သဘင်ဖောင် ဒေးရှင်းအနေနဲ့ကတော့ သဘင်ပညာနဲ့ပတ်သက်လို့ ကလေးတွေအပေါ်မှာ သက် ရောက်မှုရှိအောင် သဘင်ပညာရပ်တွေကို တိုးတက်မြင့်မားအောင် သင်ကြားပေးနေ ပါတယ်လို့ ပြောဖြစ်ပါတယ်” လို့ သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်းက ပြောပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ သဘင် ဖောင်ဒေးရှင်းဥက္ကဋ္ဌဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးနန်းဝင်း၊ တစ်ခိုင်လုံးရွှေအေးအေးမြင့်၊ဝင့်သိင်္ဂီဇော်တို့ တက်ရောက်ခဲ့ကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here