အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုမောင်၊ မယ်များ မပါဝင်တော့ကြောင်း ဦးအေးကြူလေးပြော

0
175

လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့ သေချာသလောက်ရှိနေပြီ ဖြစ်တဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သက် ပြီး ဒီနှစ်မှာ ရွှေကြိုမောင်၊မယ်တွေ ရွေးဖို့ ရှိ၊မရှိနဲ့ ဖျော်ဖြေရေးအစီအစဉ် တွေအကြောင်းကို မြန်မာနိုင်ငံရုပ်ရှင် အ စည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူ လေးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

”ဒီနှစ်က ရွှေကြိုမပါတော့ဘူး။ ဒါပေမဲ့ အကယ်ဒမီပေးပွဲရဲ့ အခန်း ကဏ္ဍမှာ ဗန်းကိုင်တို့ဘာတို့ကတော့ ထုံးစံအတိုင်းပါရမှာပေါ့လေ။ ဒီနှစ် မှာတော့ အနုပညာရှင်များရဲ့ သား သမီးများ၊ အနုပညာအလုပ်ကိုလည်း လုပ်နေသူမျိုးထဲက ရွေးပြီးတော့ ပြန် ချိန်ရမှာပေါ့။ ဖျော်ဖြေရေးကရှိတယ်။ မနှစ်ကလည်းရှိတာပဲ။ ဒီနှစ်လည်း အော်ဂက်စထရာဝိုင်းရှိတယ်။ အဲဒီ ဝိုင်းက ဖျော်ဖြေရုံတင်မကဘူး။ အ ခမ်းအနားတစ်ခုလုံးရဲ့ အစီအစဉ် တွေအားလုံးကို သူကပို့ပြီးတော့ တီးသွားမှာပေါ့။ အဲဒါတွေအားလုံးက တော့ Forever Group နဲ့ ကျွန် တော်တို့နဲ့ပေါင်းပြီးတော့လုပ်မှာ ပေါ့”လို့ ဦးအေးကြူလေးက ပြော ပါတယ်။ အကယ်ဒမီ ဆုပေးပွဲ ကျင်းပမယ့်အချိန်က မတ်လဆိုတော့ သိပ်ကိုနီး ကပ်နေပြီဆိုပေမယ့်လည်း သူ့အဖွဲ့နဲ့သူ အဆင့်ဆင့်ဆောင်ရွက် သွားမှာဖြစ်တဲ့အတွက် အဆင်ပြေ ကြောင်း ဦးအေးကြူလေးက ဆက် လက်ပြောပါတယ်။ ရုပ်ရှင်လောက သားတွေ အားလုံး ပါဝင်ကြဖို့ကို လည်း သူက…

”အကယ်ဒမီက နီးကပ်တယ် ဆိုပေမယ့် လုပ်စရာရှိတာတွေက တော့ လုပ်နေပါပြီ။ အခုဆို စပွန် ဆာကိစ္စပြီးသွားပြီ။ စိစစ်ရေးကိစ္စ လည်းလုပ်နေတယ်။ အဲဒီလို ကိုယ့် အပိုင်းနဲ့ကိုယ်၊ သူ့အပိုင်းနဲ့သူတော့ အကုန်လုပ်နေတာပေါ့။ အနားနီး လာရင် ကျွန်တော်တို့က ကော်မတီ တွေဖွဲ့မှာ။ ကော်မတီဖွဲ့လိုက်လို့ ရှိရင် ဒီရုပ်ရှင်အစည်းအရုံးအမှုဆောင် တွေတင်မဟုတ်ဘူး။ အပြင်ကလူ တွေပါ အကုန်ဖွဲ့မှာဆိုတော့ လောက သားတွေ အားလုံးက အကယ်ဒမီပေး ပွဲအတွက်ကို ကိုယ့်ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ရာမှာ ဝိုင်းဝန်းပြီးတော့ ပါဝင်ဖို့လိုတာပေါ့။ တချို့ကော်မတီ တွေဆို နာမည်ခံပြီးတော့ မလာတာ ရှိတယ်။ လာတာလည်းရှိတယ်။ လာ တဲ့အခါကျတော့ ပိုပြီးတော့ အင်အားတောင့်တာပေါ့။ အားလုံး ဝိုင်းဝန်းမှ အဆင်ပြေမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here