အိမ်ထောင်ပြုမှ ဖြစ်မယ်ဆိုတဲ့ အတွေးအခေါ် မျိုးလည်း မရှိသလအိမ်ထောင် မပြုဘဲ တစ်ကိုယ်တည်း နေမယ်ဆိုတဲ့ အတွေးလည်း မရှိကြောင်းဖြူဖြူကျော်သိန်း ပြော

0
250

အိမ်ထောင်ပြုမှဖြစ်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်းမရှိသလို အိမ်ထောင်မပြုဘဲ အပျိုကြီးတစ်ကိုယ်တည်းနေသွားမယ်ဆိုတဲ့အတွေးမျိုး လည်းမရှိ ပါကြောင်း သူ့ရဲ့ အိမ်ထောင်ရေးအမြင်နဲ့ ပတ်သက်လို့  ဖြူဖြူကျော်သိန်း ကပြောပါ တယ်။အိမ်ထောင်ပြုမှဖြစ်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်းမရှိသလို အိမ်ထောင်မပြုဘဲ အပျိုကြီးတစ်ကိုယ်တည်းနေသွားမယ်ဆိုတဲ့အတွေးမျိုး လည်းမရှိ ပါကြောင်း သူ့ရဲ့ အိမ်ထောင်ရေးအမြင်နဲ့ ပတ်သက်လို့  ဖြူဖြူကျော်သိန်း ကပြောပါ တယ်။

“အိမ်ထောင်မပြုလို့ မဖြစ်ဘူးဆိုတဲ့ စိတ်လည်းမရှိသလို ပြုမှဖြစ် မယ်ဆိုတဲ့စိတ်လည်းမရှိဘူး။ အရာအားလုံးဟာ သူ့အချိန်နဲ့ သူ ဖြစ်ကြလိမ့်မယ်။ အသင့်တော်ဆုံး အချိန်မှာဖြစ်တာဟာ အကောင်းဆုံးပဲ။ ဖြူဖြူမှာ ဖိအားလည်း မရှိဘူး။ သူများတွေအားလုံးက မိသားစု တည်ထောင်ကြတာကို သဘောကျ တယ်။ မိသားစုကိုပျော်ပျော်ရွှင်ရွှင်တည်ထောင်နေကြတဲ့သူတွေကို တွေ့လိုရှိရင်လည်း အားကျပါတယ်။ သဘောလည်းကျပါတယ်။ သူတို့တွေ အတွက်လည်း ဆုတောင်း ပေးဖြစ်တယ်။ ငါတော့နောက်ကျနေပြီလားဆိုတဲ့ င်္နူငညါမျိုးလည်း တစ်ခါမှ မဖြစ်ဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးမှာ သူ့အချိန်နဲ့ သူရှိတယ်။

ဖြူဖြူသာ အဲဒီလိုစိတ်ပူခဲ့လို့ရှိရင် ဖြူဖြူရဲ့ငယ်ငယ်တုန်းက သူငယ်ချင်းတွေဆိုရင် တချို့ဆိုရင် ၁ဝတန်းအောင်ပြီးကတည်းကအိမ်ထောင်ကျကြတယ်။ တစ်ချို့ ဆေးကျောင်းက သူငယ်ချင်းတွေဆိုရင် ဘွဲ့ရပြီးတာနဲ့ အိမ်ထောင်ပြုကြတယ်။ အခုဆိုရင်လည်း သားတွေသမီးတွေနဲ့ နှစ်ယောက်သုံးယောက်လောက်တောင်ရနေကြပြီ။ ပျော်စရာမိသားစု တွေနဲ့ ရှိနေကြတဲ့သူတွေလည်း ရှိတယ်။ ပင်ပင်ပန်းပန်းဖြတ်သန်း နေကြတဲ့သူတွေလည်းရှိတယ်။ မျိုးစုံ ပေါ့နော်။ ဒါပေမဲ့ ဖြူဖြူစိတ် ထဲမှာတော့ ငါဒါလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်လည်းမရှိဘူး။ မလုပ်ဘဲ တမင်ကြီးနေမယ်ဆိုပြီးတော့လည်း တမင်ကြီးတစ်ယောက်တည်းနေ နေတာမဟုတ်ဘူး။

ပြီးတော့ ဖြူဖြူတို့ ခရစ်ယာန်တွေရဲ့ ယုံကြည်မှုမှာကျတော့လည်းဘာရှိလည်း ဆိုတော့ လက်ထပ် ထိမ်းမြား တယ်ဆိုတဲ့ အချိန်အနေအထိ ရောက်တယ်ဆိုတာသည် ဘုရားရဲ့အလိုတော် ပေါ့နော်။ အဲဒီလိုမျိုး လည်းရှိတယ်ဆိုတော့ ဘုရားကသူ့အချိန်နဲ့သူ အရာရာ အားလုံးကိုပြင်ဆင်ပေးပြီး သားလို့ ဖြူဖြူ ကတော့ ယုံကြည်ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ သူ့အနေနဲ့ ၂ဝ၁၇ ခုနှစ်၊ ၂ဝ၁၈ခုနှစ်အကူးမှာ သူ့ဘဝမှာ တစ်ခါမှရောက်တော့မှာ မဟုတ် ဘူးလို့ထင်မိတဲ့ နေရာ ဒေသမျိုးတွေကို သွားရောက်ဖျော်ဖြေခဲ့ရပြီး ၁၄နှစ်တာ ဂီတသက်တမ်း အတွင်းမှာ သူ့အနေနဲ့ တစ်ခါမှမတွေ့ဖူးသေးတဲ့ ပရိသတ်တွေကို တွေ့ခဲ့ရသလို သီချင်းတွေကို အစအဆုံးလိုက်ပြီး ဆိုပေးကြတဲ့ပရိသတ်တွေကိုတွေ့ခဲ့ရတဲ့အတွက် သူ့အနေနဲ့ တအား ပျော်မိပါ ကြောင်း ဖြူဖြူကျော်သိန်းက ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here