အစက်ကလေးတစ်ခု

0
155

အဝေးကြီးမှ အစက်ကလေး တစ်စက်ကို မြင်ရသည်။ အစက်က လေးသည် တဖြည်းဖြည်းကြီးလာ သည်။ အစက်ကလေးသည် တဖြည်း ဖြည်းနီးလာသည်။ သေချာစွာကြည့် နေရင်းမှ အစက်ကလေးသည် မီးရ ထားစက်ခေါင်းတစ်ခုဖြစ်နေသည်။ မီးရထားသည် တဂျုံးဂျုံး၊ တဂျက် ဂျက် ခုတ်မောင်းလာနေသည်။
မီးရထားသံဘီးများသည် သံလမ်း ကို လည်ပတ်ကြိတ်ချေကာခုတ်မောင်း ဝင်ရောက်လာသည်။ မီးရထားကို မြင်သောအခါ လမ်းကူးဂိတ်မှ အလံ ချိုးသမားသည် သူ့လက်ထဲမှ အစိမ်း ရောင်အလံကို ဝှေ့ယမ်းပြသည်။ သံ လမ်းကူးဂိတ်တံခါးကို ကျော်ဖြတ်ကာ မီးရထားသည် ဟိုးဘက်ထဲသို့ ခုတ် မောင်းသွားသည်။ ခြင်းများ၊တောင်း များ၊ ပလုံးများ ဈေးသည်များ။ ခရီး သွားများကို တင်ဆောင်ကာ ရထား က ခုတ်မောင်းထွက်ခွာသွားသည်။ မီးရထားသည် အနက်ရောင် အစက် ကလေးတစ်စက်အဖြစ် တဖြည်းဖြည်း ဝေးလံသေးငယ်သွားသည်။

အနက်ရောင်အစက်ကလေးသည် တဖြည်းဖြည်း သေးငယ်ရာမှကွယ်ပျောက် သွားသည်။ မီးရထားအလံချိုးသမား သည် အိတ်တဲတွင်ထိုင်ကာ ဆေးလိပ် ဖွာနေသည်။ မီးရထားကတော့ ခုတ် မောင်းနေဆဲမှာပင်ရှိလိမ့်မည်။ မီးရ ထားအလံချိုးသမားသည် ဆေးလိပ် မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း ငြိမ် သက်နေသည်။ သံလမ်းဘေး ကျောက်တုံးများတစ်ဖက်ရှိ မြက်ရိုင်း ပင်များထက်တွင် ဆိတ်သားအမိက မြက်နုနုကလေးများကို ကိုက်ဖြတ် စားနေကြသည်။ လုံးဝန်းသော ကမ္ဘာ ကြီး၏ဟိုမှာဘက်ခြမ်းရှိသံလမ်းကို ဖြတ်သန်းကာ မီးရထားသည် ခုတ် မောင်းလာပေလိမ့်ဦးမည်။

မီးရထားသည် သည်မှာဘက် သံလမ်းထက်၌ အစက်အပြောက် ကလေးအဖြစ် တရွေ့ရွေ့စတင်ကာ ပေါ်ထွက်လာလိမ့်ဦးမည်။ ထိုအစက် အပြောက်ကလေးကိုမြင်လျှင် မီးရထား အလံချိုးသမားသည် သူအလံကိုကိုင် ကာ သံလမ်းဘေး၌ မတ်မတ်ရပ် နေပေလိမ့်မည်။ မှန်ပါသည်။ အ စက်အပြောက်ကလေးသည် တဖြည်း ဖြည်းကြီးလာကာ တဖြည်းဖြည်းနီး လာကာ မီးရထားတစ်စင်းအဖြစ် ရောက်ရှိပြီး ရှေ့တူရူသို့ ခုတ်မောင်း ဝင်ရောက်လာပေလိမ့်မည်။ တဂျုံး ဂျုံးတဂျက်ဂျက် ခုတ်မောင်းလာသော မီးရထားကို အလံချိုးသမားက သူ့ လက်ထဲမှ အစိမ်းရောင်အလံကို ဝှေ့ယမ်းပြပေလိမ့်မည်။ သံလမ်းဘေး မြက်ခင်းထဲရှိ ဆိတ်သားအမိသည် ရထားခုတ်မောင်းသံကြောင့် ဘေးသို့ ရှဲ၍သွားကြလိမ့်မည်။

မီးရထားအလံချိုးသမားသည် ခုတ်မောင်းထွက်ခွာသွားသော မီးရ ထားဘေး၌ သူ၏လက်ကို ရေပြင်ညီ ၁၈ဝ ဒီဂရီထားကာ လက်ထဲ၌အလံကို ထောင့်မှန်ကျဆုပ်ကိုင်ထားပေလိမ့်မည်။ မီးရထားသည် ဟိုးဝေးဝေးဆီသို့ဖြတ် သန်းခုတ်မောင်းသွားရင်း တဖြည်း ဖြည်း အစက်အပျောက်ကလေး တစ်ခုအဖြစ် သေးငယ်ကာ ပျောက် ကွယ်သွားပေလိမ့်မည်။ ထိုအခါ ဆိတ်မကြီးသည် သံလမ်းထက်သို့ တက်လာကာ တပဲပဲမြည်၍ ဆိတ် သားပေါက်ကလေးကို လှမ်းခေါ် လိုက်သည်။ မီးရထားအလံချိုးသမား က ဂိတ်တဲထဲပြန်ထိုင်ကာ သောက် လက်စဆေးပေါ့လိပ်ကို မီးညှိသည်။ သံလမ်းဘေး ကျောက်တုံးကျောက်ခဲ တွေ တစ်ဖက်မြက်ရိုင်းပင်တွေထဲမှာ ဆိတ်သားအမိ ရောက်နေပြန်ပြီ။ မိခင်ဆိတ်မကြီးက တပဲပဲ အော်မြည် သည်။ ဆိတ်သားပေါက်ကလေးက တအဲ့အဲ့ အော်မြည်သည်။ မိုးဦး ကျပြီးစ မြက်ရိုင်းပင်တွေထဲမှာ မြက် နုနုကလေးတွေကို သူတို့ကိုက်ဖြတ် စားနေကြသည်။ အေးအေးလူလူပင်။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here