မြို့ရွှေမန်းသားဖိုးချစ်မွေးနေ့ အမှတ်တရသွေးလှူဒါန်းကြမည်

0
303

မြို့ရွှေမန်းသားဖိုးချစ်ရဲ့ မွေးနေ့ကတော့ ဖေဖော် ဝါရီ ၁၅ ရက်နေ့ပဲဖြစ်ပါတယ်။ ဖိုးချစ်ရဲ့ မွေး နေ့ရောက်တိုင်း သူ့ရဲ့ပရိသတ်တွေနဲ့ မိတ်ဆွေတွေက မွေးနေ့အမှတ်တရအနေနဲ့ မွန်မြတ်သောအလှူဒါနတစ်ခုဖြစ်တဲ့ သွေးလှူဒါန်းမှုကုသိုလ်ပြုကြလေ့ရှိပါတယ်။ အရင်နှစ်မွေးနေ့တုန်းကလည်း ဖိုးချစ်ရဲ့ မိတ်ဆွေများနဲ့ ပရိသတ်များက စုပေါင်း ပြီး မွေးနေ့အမှတ်တရ သွေး လှူဒါန်းပြီး ကုသိုလ်ပြုပေးခဲ့ကြ သလို ဒီနှစ်မှာလည်း သွေး လှုဒါန်းကြဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သွေးလှူဒါန်း မယ့်နေ့ကတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၉ နာရီမှာ ရန်ကုန်မြို့၊ အမျိုးသားသွေး လှူဘဏ်မှာ လှုဒါန်းကြမှာဖြစ်ပါ တယ်။ ပါဝင်ကုသိုလ်ယူလှူဒါန်း ချင်ကြသူများအနေနဲ့ ဝ၉၄ဝဝ၄၃ ၉၇၃၅ နဲ့ ဝ၉၄ဝ၁၅၅၂၃၄၂ တို့ကို ဆက်သွယ် စာရင်းပေးနိုင်ပြီး အဆို ပါနေ့မှာ အမျိုးသားသွေးလှူဘဏ်ကို မနက် ၈ နာရီခွဲအရောက် လာပေးရ မှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here