နိုင်ငံ ခြားက တစ် ယောက်ရဲ့ သီချ င်းနဲ့Flow တူလို့ ဝေဖန်တာခံခဲ့ရဖူးတဲ့ X.Box

0
157

ဒုတိယတစ်ကိုယ်တော်အခွေ ‘၉၉’ ထွက်ရှိဖို့ကလည်း အချိန် နီးကပ်လာတဲ့အတွက် X.Box ရဲ့ ပရိသတ်တွေကတော့ သီချင်း အသစ်တွေ နားထောင်ဖို့ အဆင်သင့်ဖြစ်နေတော့မှာပါ။X.Box  တို့လိုMain Stream က အဆိုတော်တွေ အခွေအသစ်ထွက်ရှိလာပြီဆို ရင် ဘယ်သီချင်းကတော့ နိုင်ငံခြားကဘယ်အဆိုတော်ရဲ့ သီချင်းကို Copy ယူထားတယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း ထွက်ပေါ်လာစမြဲပါ။ X.Box လည်းကြုံဖူးမှာပဲဆိုတော့ အဲဒီအပေါ်ဖြေရှင်းစရာများ ရှိဦး မလားလို့X.Box ကို မေးဖြစ်ခဲ့ပါတယ်။

တကယ့် Hip Hop အစစ်ကြီးက အမေရိက ကလာ တာဗျ။ သူတို့ရဲ့ ဖရိန်ကာလာကိုတော့ ကျွန်တော်တို့ယူရ မှာပဲ။ ဒါဟာ Copyမဟုတ်ဘူး။ အဲဒါReference ပဲ။ ကျွန်တော့်မှာကအားနည်းချက်တွေ အရင်ကရှိခဲ့တယ်။ ၉ ပေါက်မှာReference မကျ၊ Copy မကျ သီချင်း တစ်ပုဒ် ကျွန်တော့်မှာရှိလိုက်တယ်။ ‘ဘာလူမျိုး’ပေါ့နော်။ ကျွန်တော်ဆိုလိုက်တဲ့ Flow က ဂျပန်ကRapper တစ် ယောက်ရဲ့ ဘားတစ်ဘားသွားတူနေတယ်။ တူတဲ့အခါ မှာ ကျွန်တော်အလွန်ဝေဖန်ခံရတယ်။ အဲဒီဝေဖန်တာကို ကျွန်တော်လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တူသွားတယ်လေ။ ဆိုတော့ဝေဖန်ပါ။ ထောက်ပြ ပါ။ ကျွန်တော့်ကိုဝေဖန်ထောက်ပြတဲ့သူတွေကို ကျွန်တော် ဘယ်တော့မှ အပြစ်လည်းမပြောဘူး။ ကျွန်တော်ကိုယ်တိုင် လည်း အဲဒီတုန်းကလိုသွားတယ်။ ဒီအခွေမှာတော့ အဲဒီ လိုမျိုးတွေမရှိတော့ဘူးဗျ။ ဒါပေမဲ့ကိုယ်ပိုင် Flow ဆိုတာ လည်းမရှိဘူး။ ဘာဖြစ်လို့ကိုယ်ပိုင် Flow မရှိလဲဆိုတော့ ကျွန်တော်တို့သီဆိုတာကပ္ပလီဆန်တဲ့Flow တွေသီဆိုတော့လေ။ ဘယ်လိုသီဆိုမှာလဲ။ ကိုမနောတို့လိုFlow နဲRap သီဆိုမှာလား။ အဲဒါဆို Own Tune  ဖြစ်သွားလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲထင်တယ်”လို့ X.Box ကပြောပြခဲ့ပါတယ်။

         မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here