ညစာ မစားတာ ၇ နှစ်လောက် ရှိသွားပြီဆိုတဲ့ ချစ်စနိုးဦး

0
266

ရုပ်ရှင်မင်းသမီးဆိုတာ နဂိုကတည်းက ချောလို့၊ လှလို့ မင်းသမီး ဖြစ်ကြတယ်။ သို့သော် ဒီခန္ဓာကိုယ်ကြီးကို မထိန်းမသိမ်း၊ မပြင်မဆင်ဘဲနေမယ်ဆိုရင် ခန္ဓာကိုယ် ရဲ့ပြောင်းလဲလာတဲ့ စွမ်းအင်တွေကြောင့် အဝလွန်သွားတာတို့။ အလှပျက်သွားတာ တို့ဆိုတာ ဖြစ်တတ်ကြမှာပါ။

ဒီအကြောင်းနဲ့ပတ်သက်လို့ မင်းသမီး၊ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ချစ်စနိုးဦးနဲ့ တွေ့ဆုံတုန်းလေး မေးဖြစ်တဲ့အခါ လိုချင်တဲ့ အဖြေကို ကွက်တိရခဲ့ပါတယ်။ အခုခေတ်မှာ Gym ဆော့တာက လူငယ်တွေ ကြား ထဲမှာ Hot ဖြစ်နေတဲ့အရာတစ်ခုလိုဖြစ်နေတော့ ချစ်စနိုးဦးရော Gym ဆော့ ဖြစ်လား၊ ဒါမှမဟုတ် အစားအသောက် Diet Plan နဲ့ပဲ မိမိခန္ဓာကိုယ်ကို ထိန်းသိမ်းဖြစ်လားဆိုတဲ့ အမေးကို မေးဖြစ်တဲ့အခါ “ကိုယ်တွေအလုပ် ကလည်း ရုံးအလုပ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ မနက်သွား၊ ညနေပြန်၊ ညနေအားရင် ဆော့လို့ရတယ်။

ကိုယ်တွေမှာက နေ့ရယ်၊ ညရယ်၊ အချိန် သတ်သတ်မှတ် မှတ်မရှိဘူး။ တစ်ခါတလေကျရင် ခရီးထွက်ဖြစ်နေတာရှိတယ်။ အဲဒီအခါကျတော့ ပုံမှန်ကြီး မလုပ်ဖြစ်ဘူးပေါ့နော်။ အဲဒါတွေမရှုပ်သေးခင် ပွပွကြီးကျန် နေတဲ့အချိန်မှာ အချိန်များများနဲ့ ကျစ်လျစ်အောင်ဆော့ကစားနိုင်ရင်တော့ ကောင်းတာပေါ့နော်။ နောက်ပိုင်းကျစ်သွားတဲ့ အချိန်ကျမှ မသွားဖြစ်တာ ကိစ္စမရှိဘူး။ ကိုယ်ကအခု မကျစ် လျစ်သေးဘူး။ ပွပွလေးပဲရှိသေးတဲ့ အချိန်မှာ ပျက်လိုက်၊ သွား လိုက်၊ ပျက်လိုက်၊ သွားလိုက်နဲ့ဆိုတော့ အစားနဲ့ပဲသွားဖြစ်တာများ ပါတယ်။ အစ်မ ညစာ မစား တာ ၇ နှစ်လောက်ရှိပါပြီ။ Gym ဆော့ကစားတာက ပိုကောင်းတာပေါ့နော်။ ပိုပြီးတော့လည်း သက်လုံကောင်းတယ်။ ပြီးတော့ သီချင်းဆိုတဲ့နေရာမှာလည်း အထောက် အကူဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။

ရုပ်ရှင်မင်းသမီးဆိုတာ နဂိုကတည်းက ချောလို့၊ လှလို့ မင်းသမီး ဖြစ်ကြတယ်။ သို့သော် ဒီခန္ဓာကိုယ်ကြီးကို မထိန်းမသိမ်း၊ မပြင်မဆင်ဘဲနေမယ်ဆိုရင် ခန္ဓာကိုယ် ရဲ့ပြောင်းလဲလာတဲ့ စွမ်းအင်တွေကြောင့် အဝလွန်သွားတာတို့။ အလှပျက်သွားတာ တို့ဆိုတာ ဖြစ်တတ်ကြမှာပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ မင်းသမီး၊ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ချစ်စနိုးဦးနဲ့ တွေ့ဆုံတုန်းလေး မေးဖြစ်တဲ့အခါ လိုချင်တဲ့ အဖြေကို ကွက်တိရခဲ့ပါတယ်။ အခုခေတ်မှာ Gym ဆော့တာက လူငယ်တွေ ကြား ထဲမှာ  ဖြစ်နေတဲ့အရာတစ်ခုလိုဖြစ်နေတော့ ချစ်စနိုးဦးရော Gym ဆော့ ဖြစ်လား၊ ဒါမှမဟုတ် အစားအသောက်Diet Planနဲ့ပဲ မိမိခန္ဓာကိုယ်ကို ထိန်းသိမ်းဖြစ်လားဆိုတဲ့ အမေးကို မေးဖြစ်တဲ့အခါ “ကိုယ်တွေအလုပ် ကလည်း ရုံးအလုပ်ဆိုရင်တော့ ကောင်းတာပေါ့နော်။

မနက်သွား၊ ညနေပြန်၊ ညနေအားရင် ဆော့လို့ရတယ်။ ကိုယ်တွေမှာက နေ့ရယ်၊ ညရယ်၊ အချိန် သတ်သတ်မှတ် မှတ်မရှိဘူး။ တစ်ခါတလေကျရင် ခရီးထွက်ဖြစ်နေတာရှိတယ်။ အဲဒီအခါကျတော့ ပုံမှန်ကြီး မလုပ်ဖြစ်ဘူးပေါ့နော်။ အဲဒါတွေမရှုပ်သေးခင် ပွပွကြီးကျန် နေတဲ့အချိန်မှာ အချိန်များများနဲ့ ကျစ်လျစ်အောင်ဆော့ကစားနိုင်ရင်တော့ ကောင်းတာပေါ့နော်။ နောက်ပိုင်းကျစ်သွားတဲ့ အချိန်ကျမှ မသွားဖြစ်တာ ကိစ္စမရှိဘူး။ ကိုယ်ကအခု မကျစ် လျစ်သေးဘူး။ ပွပွလေးပဲရှိသေးတဲ့ အချိန်မှာ ပျက်လိုက်၊ သွား လိုက်၊ ပျက်လိုက်၊ သွားလိုက်နဲ့ဆိုတော့ အစားနဲ့ပဲသွားဖြစ်တာများ ပါတယ်။ အစ်မ ညစာ မစား တာ ၇ နှစ်လောက်ရှိပါပြီ။ွပာ ဆော့ကစားတာက ပိုကောင်းတာပေါ့နော်။ ပိုပြီးတော့လည်း သက်လုံကောင်းတယ်။ ပြီးတော့ သီချင်းဆိုတဲ့နေရာမှာလည်း အထောက် အကူဖြစ်ပါတယ်”လို့ သူမက ပြောပါတယ်။  ချစ်စနိုးဦးတစ်ယောက် သရုပ်ဆောင်ပိုင်းထက် အဆိုပိုင်းကို ပိုလုပ် ဖြစ်နေတာတွေ့ရတော့ သရုပ်ဆောင်ကို လုံးဝမလုပ်တော့ဘူး လားလို့မေးတဲ့အခါ သူမက အဲဒီဘက်ကိုအချိန်သိပ်မပေးနိုင်တာ ကြောင့်ပါလို့ ဆိုပါတယ်။  သီချင်းအသစ်တွေရောလုပ်နေပြီလားဆိုတော့…

“ခိုနားခွင့်ပေးပါ စီးရီးလေးက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထွက်ရှိထားတာ။ အမ်တီဗီကိုပဲ အစ်မအရင် အားစိုက်နေတယ်။ အဲဒါပြီးမှပဲ အစ်မနောက်ထပ်အသစ်ကို တစ်ချက်စဉ်းစားမယ်။ လော လောဆယ်ကတော့ အတွဲခွေတွေထဲမှာတော့ သီဆိုထားတာလေးတွေ ရှိပါတယ်။ တစ်ပုဒ်စ၊ နှစ်ပုဒ်စထွက်ရှိထားတာတော့ ရှိတာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here