ကြီးကြီးကျယ်ကျယ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဟိန်းဝေယံရဲ့အကယ်ဒမီရင်ခုန်သံ

0
158

 

ဇာတ်ကားရိုက်ကူးမှုတွေ ခေတ္တနားထားတဲ့ ဟိန်းဝေယံက လတ် တလောမှာ နယ်တွေဘက်မှာ သီချင်းသွားရောက်သီဆိုဖြစ်နေပြီး ဇာတ်ကား ရိုက်ကူးမှုတွေကိုတော့ မတ်လမှ စတင်ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရ ပါတယ်။ သရုပ်ဆောင်တာအပြင် နယ်တွေမှာ သီချင်းပါဆိုဖြစ်နေတဲ့ အကြောင်းကို ဟိန်းဝေယံကို မေးမြန်းကြည့်ခဲ့ရာ . . .

“အစ်ကိုက ခရီးသွားတာလည်း ဝါသနာပါတယ်၊ ခရီးသွားရတာကို ပျော် တယ်၊ သီချင်းဆိုတဲ့အခါမှာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တိုက်ရိုက်ထိတွေ့ ရတယ်၊ အဲဒါ့ကြောင့်လည်း ဆို ဖြစ်တာပါ၊ နောက်တစ်ခုက ခရီးသွားလို့ရှိရင် ကိုယ့်တပည့်၊ ကိုယ့်သူငယ်ချင်းတွေနဲ့ သွားတဲ့အခါကျတော့ ကိုယ့်အတွက် Relaxလည်းဖြစ်တယ်၊ ပရိသတ်တွေလည်း အားပေးကြတယ်၊ ပရိသတ်တွေပျော်တာ တွေ့ရတော့ ကိုယ်လည်း စိတ်ချမ်းသာပါ တယ်”လို့ပြောပါတယ်။ ကိုယ်တိုင်ဒါရိုက် တာအဖြစ်ပုံဖော်ရိုက်ကူးထားတဲ့ “မာယာ ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ဖို့ အတွက် အချောသတ်ပြုလုပ်နေပြီး ဒီနှစ် ထဲမှာ ရုံတင်ဖို့အတွက် ဖြစ်နိုင်အောင်တော့ ကြိုးစားသွားမှာဖြစ်ကြောင်း ဟိန်းဝေယံက ပြောပါတယ်။ ဒီနှစ် အကယ်ဒမီထူးချွန်ဆု ပေးပွဲအတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားထဲမှာ တော့ ဟိန်းဝေယံပါဝင် သရုပ်ဆောင်ထားတဲ့ “ကြီး ကြီးကျယ်ကျယ်”ရုပ်ရှင် ဇာတ်ကားကြီးလည်း ပါဝင် နေပါတယ်။ အဲဒီအတွက် အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ပြီး ဟိန်းဝေယံက …

“ထွေထွေထူးထူးတော့ မရှိပါဘူး၊ အကယ်ဒမီရမယ့် အနုပညာရှင် တွေကို သွားပြီးအားပေးမယ့် သဘောပါ။ ဘာမှ ထွေထွေထူးထူး တော့မရှိပါဘူး” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here