ပြိုင်ပွဲမှာ ဆုရရှိပေမယ့် ဆက်လက်ပြီး မကြိုးစားရင် ဂီတလောကမှာ အောင်မြင်မှာ မဟုတ်ကြောင်း နီနီခင်ဇော် အကြံပြု

0
208

The Voice သီချင်းဆို ပြိုင်ပွဲက သူ့အနေနဲ့ တအား ကြိုက်ခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပြီး အခုမြန်မာနိုင်ငံမှာ ပြုလုပ် ပြီဖြစ်တဲ့The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ Coachအဖြစ်ဆောင်ရွက်ရမှာဖြစ်တာကြောင့် သူ့အနေနဲ့ရင်ခုန်ပီတိဖြစ်မိပြီး သူသာ အဆိုတော်တစ်ယောက်မဖြစ်ခဲ့ရင် ဝင်ပြိုင်ရင် ဝင်ပြိုင် မိလိမ့်မယ် လို့ နီနီခင်ဇော်က ပြောပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ မှာ BLIND ADUITIONပထမ အဆင့်ဖြစ်ပြီး ဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေကသူတို့ရဲ့ အသံတစ်ခုတည်းနဲ့ Coaches များ နှစ် သက်လာအောင် သီဆိုယှဉ်ပြိုင်စေရတာပဲဖြစ်ပါတယ်။ အဲဒီ့အခါ Coaches များက ထိုင်ခုံကိုကျောပေးထိုင်ပြီး ပြိုင်ပွဲဝင် သီဆိုတဲ့အ ချိန်၂မိနစ်အတွင်း မိမိသဘောကျနှစ်သက်တဲ့ ပြိုင်ပွဲဝင်ကိုခုံလှည့်ပြီး ရွေးချယ်ရတာပဲ ဖြစ်ပါတယ်။

ဒီအဆင့်မှာ ပြိုင်ပွဲဝင်တွေကို ရွေးချယ် ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့ နီနီခင်ဇော်က…

“နီနီတို့ပြိုင်ပွဲဝင်ရဲ့အသံကို ပထမဦးဆုံး စကြားလိုက်တာနဲ့ လှည့် ကြည့်ချင်ပြီ။ ဒါပေမဲ့ ကိုယ်လှည့် ကြည့်လိုက်တဲ့အချိန်မှာလည်း တခြားဃသခေ့တွေကလည်း အကုန်လုံး လှည့်ကြည့်ကြတယ်။အဲဒါကြောင့်မို့Blind Auditionမှာ ဘယ်လိုခံစား ရလဲဆို တော့ ကိုယ်လိုချင်တဲ့Coach ကကိုယ့်ဆီရောက်ချင်မှလည်း ရောက်တာလေ။ နီနီတို့ Coach တွေ အားလုံးရဲ့ ပြိုင် ဆိုင်မှုက တအားပြင်းထန်ပါတယ်။ တစ်ယောက်နဲ့တစ် ယောက်စနောက်ရင်းနဲ့ တကယ်ဖိုက်တာပါ” လို့ ပြော ပါတယ်။ ပြိုင်ပွဲဝင်တွေနဲ့ပတ်သက်လို့လည်း နီနီခင် ဇော်က ဆက်လက်ပြောပြတာက…

“တချို့ Talentတွက ကျတော့ သူတို့ဆီမှာမမြင် ရတဲ့ Hide ဖြစ်နေတဲ့အရာတွေအားလုံးကိုပါ ဖော် ထုတ်ခွင့်ရပါတယ်။ လာတုန်းကတော့သူတို့ဆိုတဲ့ မြူးဇစ် က တစ်မျိုးပေါ့။ အခုနီနီတို့လက်ထဲ ရောက်လာတဲ့ Talent တွေကကျတော့ သူတို့ရဲ့အိပ်မက်တွေကို တကယ် မြင်လာရတယ်။ သူတို့ဘာဖြစ်ချင်တာလဲ သူတို့ဘယ်လိုမြူးဇစ်မျိုးကို ဆိုချင်တာလဲဆိုတာကို အခုစပြီးတော့ အကောင်အထည် ဖော်ပေးနေပြီဖြစ် ပါတယ်။ ဒါကြောင့်မို့ နီနီတို့ Coach ၄ယောက်လုံး က သိပ်ကိုခေါင်းကြီးပါတယ်။ သူတို့ဖြစ်ချင်တဲ့ဆန္ဒနဲ့ အိပ်မက်နဲ့ကို တစ်သားတည်းကျအောင်လို့ အ တတ်နိုင်ဆုံး သိသမျှ လျှို့ဝှက်ချက်တွေကို ပေးနေ ပါတယ်” လို့ ပြောပါတယ်။ နီနီခင်ဇော်ကလည်း သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ဝင် ရောက်လာခဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် ပြိုင် ပွဲဝင်တွေအနေနဲ့ စင်ပေါ်မှာစိတ်လှုပ်ရှားမှု တွေရှိ မှာဖြစ်သလို ကျရှုံးသွားရင်လည်း ဘယ်လောက် အထိစိတ်ဓါတ်ကျတတ်သလဲဆိုတာလည်း သူသိပါ တယ်လို့ ပြောပါတယ်။

“ဒါကြောင့်ဒီပြိုင်ပွဲကိုတော့ ကိုယ်ရှိနေတဲ့ လက်ရှိအ ချိန်မှာတော့ အကောင်းဆုံးကြိုးစားကြမယ်။ ပြိုင်ပွဲ ပြီးသွားတဲ့ အချိန်မှာလည်းWinner သော်လည်းကောင်း Winner ဟုတ်ရင်သော်လည်းကောင်း ဆက်လက်ပြီး မကြိုးစားတဲ့သူက ဘယ် တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့်အမြဲတမ်း ကြိုးစားနေမယ်၊ ထာဝရကြိုးစားနေတဲ့လူတစ်ယောက် ဖြစ် ဖို့အတွက် နီနီတို့ဘဝမှာ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ အားလုံးကို Shareပေးနေပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here