I Live Alone ရှိုးပွဲမှာ ပါဝင်မယ့် Daniel Henney

0
153

ပျိုမေတို့အသည်းကျော် မင်းသား Daniel Henney ဟာ“The ‘I Live Alone” ရှိုးပွဲမှာ ပါဝင်သီဆိုဖျော်ဖြေဖို့ရှိတယ်လို့သိရပါတယ်။ ဇန်နဝါရီ ၃ဝရက်နေ့ကMBC ရဲ့ တာဝန်ရှိသူက အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။ “Daniel Henney နဲ့ အမေရိကားမှာ ဇာတ်ကားရိုက်ကူးနေတုန်းတွေ့ခဲ့ကြ ပြီး ပါဝင်ရိုက်ကူးမယ့် ရက်ကို မသတ်မှတ်ရသေးပါဘူး။  ဒီတစ်ခါ ပါဝင်မှုက မင်းသားရဲ့ ဒုတိယအကြိမ်မြောက်လို့လည်း သိရပါတယ်။

တာဝန်ရှိသူ ထပ်မံပြောကြားခဲ့တာက“Rainbow အဖွဲ့ဝင်များဖြစ်တဲ့ Jun Hyun Moo,Han Hye Jin , Park Na Rae,Lee Si Uhn တို့နဲ့ လော့အိန်ဂျယ်ကို ရိုက်ကူးရေး သွားရောက်ခဲ့ကြပါတယ်။ ၂၉ ရက်နေ့ပြန် လည်ရောက်ရှိခဲ့ကြပြီး သူတို့တွေ လော့စ်အိန်ဂျယ်မှာ ဘယ်လို ရိုက်ကူးခဲ့ကြလဲ ဆိုတာတော့ သေချာထုတ်ပြန်ထားခြင်း မရှိပေမယ့် ရိုက်ကူးရေး အဖွဲ့ဝင် များကတော့ Daniel Henney နဲ့ ရိုက်ကူးရေးအတွက် ဆွေးနွေးရင်း အလုပ် ရှုပ်နေခဲ့ကြတယ်လို့ သိရပါတယ်။  မင်းသားပါဝင်ရိုက်ကူးမယ့်နေ့ရက်ကို အတိအကျ သိရှိရအောင် ဆက် လက် စောင့်ကြည့်ဖို့ လိုတယ်နော်။


LEAVE A REPLY

Please enter your comment!
Please enter your name here