ဆယ်တန်းကျောင်းသူဇာတ်ရုပ်အတွက် ဖွေးဖွေး ဘယ်လိုပြင်ဆင်ခဲ့ရသလဲ

0
142

ဆရာမဂျူးရဲ့ အောင်မြင်ထင်ရှားတဲ့ ဝတ္ထုများစွာထဲက တစ်ပုဒ်ဖြစ်တဲ့ ကြာတော့သည်လည်း မောင့်စကား ဝတ္ထုကို ဒါရိုက်တာမီးပွားက ရုပ် ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးလျက်ရှိပြီး ဒီဇာတ် ကားမှာတော့ ဖွေးဖွေး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်နေ ပါတယ်။ ဝတ္ထု ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ တင် တင်ဇော်ဇာတ်ကောင်နေရာ ရေနံချောင်းသူ တစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ပြီး ရုပ်ရှင်ရိုက် ကူးချိန်မှာ မေမြို့သူအဖြစ် ပြောင်းလဲရိုက်ကူးမှုနဲ့ ပက်သက်လို့လည်း ဖေ့စ် ဘုတ်စာမျက်နှာမှာဝေဖန် မှု တွေရှိခဲ့ပါတယ်။  ဒီအပေါ်မှာလည်း တင်တင် ဇော် နေရာက ပါဝင် ထားတဲ့ ဖွေးဖွေးရဲ့ပြောပြချက်က…

“အခုဖွေးတို့ရိုက်ကူးနေတာ ၄ဝ% ပြီးစီး သွားပါပြီ။ ရေနံချောင်းသူဆိုတာကလည်း ဒါက ဖွေးဆီကို ဇာတ် စရောက်လာကတည်းက ပြောင်းထားပြီးသားပါ။ ပရိုဂျူဆာ ရယ်၊ ဒါရိုက်တာရယ်၊ ဆရာမဂျူးရယ် တိုင်ပင်ကြပြီး အကုန်လုံးအချော သတ်ပြီး ရုပ်ရှင်ရိုက်ကူးဖို့ ဇာတ်ညွှန်း ပြန်ရေးပြီးမှ ဖွေးဆီကိုရောက် လာတာပါ။ ဖွေးဆီ စရောက်လာကတည်းက မေမြို့ သူ ကာရိုက်တာပါ။ နောက်ပြီး ရေနံချောင်းသူ၊ ရေနံ ချောင်း သားတွေကိုလည်း အထင်မ လွဲစေချင်ပါဘူး”လို့ ဖွေးဖွေး က ပြောပြပါတယ်။

“ကြာတော့သည်လည်း မောင့် စကား” ဇာတ်ကား ရိုက်ကူးမှုအတွက်လည်း ပြောင်းလဲမှု များစွာပြုလုပ်ခဲ့ တဲ့ ဖွေးဖွေးက…

“ဇာတ်လမ်းထဲမှာပါတဲ့ ကာ ရိုက်တာအရလည်း ဖွေး ပြင်ဆင်မှု တွေလုပ်ပါတယ်။ လူကို တအားတွေ နုအောင် လုပ်ထားရတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက် တာ ပုံစံက ဆယ်တန်းကျောင်းသူဆို တော့လေ။ အခု တော့ ဖွေး တစ်ရက်ကို နာရီဝက်ပဲပြေးတော့တယ်။ နည်းနည်းလေ့ ကျင့်တာကို လျှော့လိုက်တယ်။ နောက် လကျလို့ရှိရင်ဖွေး ဒီထက် ပိန်ရမယ်တဲ့။ နောက်ကာရိုက် တာက တအားလှတဲ့ကောင်မလေးပုံစံမျိုး ဖြစ်အောင် လို့တော့ ပြောကြတယ်” လို့ပြောပြပါတယ်။  ၂ဝ၁၇ခုနှစ်အတွက် အကယ်ဒ မီနဲ့ပက်သက်လို့ တော့ ကိုယ့်ကိုယ်ကိုယ်ထက် တခြားအနုပညာရှင် တစ် ယောက်အတွက်ပဲ ရင်ခုန်မှုတွေရှိနေတယ်လို့ဆိုပါ တယ်။ အဲဒီ အနုပညာရှင်အတွက် ဖွေးဖွေးရဲ့ ရင်ခုန်သံ တွေက…

“အကယ်ဒမီကတော့ ဖွေးရင် ခုန်ရမယ့် ဇာတ်ကား ဒီနှစ်မှာမပါပါဘူး။ ဖွေးအနေနဲ့ မအူဝဲအ တွက်ကိုပိုပြီး ရင်ခုန်ပေးပါတယ်။ ဖွေးကိုယ်တိုင်လည်း မအူဝဲနဲ့ကို ပြေတီရဲ့ ရင်ဘတ်ထဲကဓါးကို  တအားကြိုက်တယ်လေ။ ဖွေးရုပ်ရှင်သွားကြည့်ပြီးတော့ တအားအား ပေးခဲ့တာ ဆိုတော့ အဲဒီဇာတ်ကား လေးကလည်းစိတ်ထဲမှာ ရှိနေတယ်။ တခြားအနုပညာရှင်တွေလည်း တော်ကြ ပါတယ်။ ဒါပေမဲ့ ဖွေးစိတ်ထဲမှာ င်္နနူဖြစ်နေတာ ကတော့ မအူဝဲပါ” လို့ ဖွေးဖွေးရဲ့ ရင်ခုန်သံတွေကိုပြော ပြပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ-ဇွဲမာန်အောင်


LEAVE A REPLY

Please enter your comment!
Please enter your name here