မော်ဒယ်လ်တို့ မင်းသမီးတို့ အလုပ်တွေလုပ်ဖို့ မရှိပါဘူးဆိုတဲ့ Beauty Blogger ဝင်းမင်းသန်း

0
241

မြန်မာနိုင်ငံမှာ မိတ်ကပ်ပညာနဲ့ပတ်သက်ပြီး ဗီဒီယိုတွေရိုက်ကူးတဲ့ အလုပ်၊ အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ Reviewတွေရေးသားတဲ့ Beauty Blogger အလုပ်ကို စတင်ခဲ့သူတွေထဲကတစ်ဦးကတော့ Beauty Blogger ဝင်းမင်းသန်း (Yangon in my Heart) ပဲဖြစ်ပါတယ်။ ဝင်းမင်းသန်းအနေနဲ့လည်း Beauty Bloggerအလုပ်ကို ရွေးချယ်လုပ်ကိုင်ခဲ့တာ လေးနှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး ဟိုအရင်အချိန် တွေထက် မြန်မာနိုင်ငံမှာ Blogger တွေများစွာပေါ်ထွက်လာတဲ့အပေါ် ဝင်းမင်းသန်းရဲ့အမြင်က…

”အစ်မက Yangon in my Heart ကို ၂ဝ၁၃ ခုနစ်ကတည်းက စပြီးလုပ်ဖြစ်ခဲ့တာပါ။ အစ်မဒီအလုပ်လုပ်တာလည်း လေးနှစ်ခွဲရှိပါပြီ။ အစ်မကိုယ်တိုင်လည်း Youtube တွေကြည့်ပြီး မိတ်ကပ်ပညာကို တခြားBlogger တွေတင်ထားတာတွေကြည့်ရှုပြီးသင်ယူခဲ့ရတာပါ။ မြင်ဆရာတွေပေါ့။ အဲဒီအချိန်တုန်း ကတော့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး Bloggerအလုပ် ကိုလုပ်တဲ့လူ မရှိသေးပါဘူး။ အစ်မတို့တုန်းကတော့ ကိုယ်ဘာသာကိုယ် အိမ်မှာပဲ Video ရိုက်၊ အိမ်မှာပဲလုပ်နဲ့ အမျိုးစုံပါပဲ။ အစ်မတို့အလုပ်ကျတော့လည်း မင်းသမီးတွေနဲ့မတူဘူးလေ။ Product တွေကိုတကယ်သုံး၊ တကယ်ရေးရတာကြောင့်ပါ။ ကိုယ်တိုင်ကြိုး စားခဲ့လို့လားတော့မသိပါဘူး။အခက်အခဲတော့အများကြီးမရှိခဲ့ဘူး။ အခုချိန်မှာတော့ ဒီနိုင်ငံမှာလည်း တွင်ကျယ်လာပြီ။ Blogger တွေကများလေကောင်းလေပါပဲ။ တစ်ယောက်ချင်းစီရဲ့ တော်တဲ့ပညာတွေကို နောက်ထပ် ထပ်ပြီးပေါ်လာမယ့် လူငယ်တွေအတွက် အခြေခံကောင်းတွေပါလို့ အစ်မထင်ပါတယ်။ အခုလက်ရှိ အချိန်မှာလည်း Bloggerတွေလည်း နေရာရလာပြီး Video အကောင်း စားတွေလည်း ရိုက်ကူးနိုင်လာကြပါပြီ။ ဒါကြောင့်လည်း တအားဝမ်းသာပါတယ်” လို့ပြောပြပါတယ်။

ဝင်းမင်းသန်းအနေနဲ့လည်း Beauty Blogger တစ်ယောက်အနေနဲ့ လုပ်ကိုင်တဲ့ အချိန်မှာ ဗီဒီယိုရိုက်ကူးမှုတွေနဲ့ သိပ်ပြီးအစိမ်းသက်သက်မဖြစ်တော့တဲ့အတွက် နောက်ပိုင်းအချိန် တွေမှာ တခြားမော်လ်ဒယ်အလုပ်ကိုပါတွဲဖက်လုပ်ကိုင်ဖို့ရှိမလားဆိုတာမေးမြန်းတော့…

”အစ်မကတော့ မိတ်ကပ်ပညာကိုပဲ တအားရူးသွပ်တဲ့လူဖြစ်တဲ့အတွက် Make Up Artist တစ်ယောက် အနေနဲ့ပဲ ရှေ့ဆက်ရပ်တည်သွားမှာပါ။ အစ်မက မင်းသမီးလည်းမဟုတ်သလို၊ မော်ဒယ်လ်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါကြောင့် မိတ်ကပ်ပညာ၊ အလှအပနဲ့ ကျန်းမာရေးကနေ ထပ်ပြီးကွဲထွက်တဲ့ အလုပ်၊ မော်ဒယ်လ်တို့ မင်းသမီးတို့အလုပ်တွေလုပ်ဖို့မရှိပါဘူး။ ဖြစ်လို့လည်း မရပါဘူး။ အသက်ကလည်းကြီးပါပြီ။ နောက်ပိုင်းမှာလည်း အမျိုးသမီးထု ကျန်းမာရေးအတွက် ပိုပြီးအထောက်အကူပြုမယ့် လုပ်ဆောင်ချက်တွေကိုပဲ တက်တက်ကြွကြွလုပ်ဆောင်သွားမှာပါ။ ကိုယ်ပျော်တာလေးတွေလုပ်နေရရင်ကိုပဲကျေနပ်ပါတယ်”လို့ ဝင်းမင်းသန်းက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here