သီိချင်းဟောင်းကို ပြန်ဆိုရတာ အဆင်မပြေဘူး ဟန်ထွန်း

0
365

အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့် မူလလေးဖြာအခွေနဲ့ ပရိသတ်တွေနဲ့ ပြန်လည်ဆုံဆည်းခဲ့တဲ့ အဆိုတော် ဟန်ထွန်းဟာ သူ့ရဲ့တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေစုနေတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေအတွက် သီချင်းတွေ စုနေပုံကိုလည်း အဆိုတော် ဟန်ထွန်းက …

”အနုပညာအလုပ်ကတော့ မည်မည်ရရကို မရှိဘူး။ ဒီလိုပဲ ဟိုရှိုးတွေရှိရင် ထွက်ဆို လိုက်၊ ခရီးလေးသွား၊ ပြန်လာလိုက်၊ နားလိုက်နဲ့ အချိန်တွေ ကုန်နေတယ်။ ဒါပေမဲ့ ကျွန်တော် ရည်မှန်းချက်တော့ရှိတယ်။ ကျွန်တော်ရဲ့ တစ်ကိုယ်တော် အခွေလေးအတွက် ကတော့ သီချင်းတွေ တစ်ခွေစာ ပြည့်အောင်ရှာနေတယ်။ တစ်ကိုယ်တော်အခွေအတွက် သီချင်း တွေ စုနေတယ်။ သီချင်းကမပြည့်လို့ မစနိုင်သေးဘူး။ ရှိတဲ့သီချင်းတွေကိုလည်း မူလ လေးဖြာထဲ ၂ ပုဒ် ထည့်ပေးလိုက်ရတော့ သီချင်းစုနေတုန်းပါ”လို့ ပြောပါတယ်။

သီချင်းအသံ အေးအေးလေးနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အသံပိုင်ရှင်အဆိုတော် ဟန်ထွန်းက သူ့အနေ နဲ့ သီချင်းမြူးမြူးလေးတွေကို လုပ်သွားမယ်လို့ ပြောပါတယ်။

”ကျွန်တော်သီချင်းဆိုတိုင်း သီချင်းအေးတွေများတယ်။ အဲဒီတော့ ပရိသတ်က ကျွန်တော့်ကို သီချင်းအေးနဲ့ပဲ လူကြိုက်များနေတယ်။ အမှန်တော့ ကျွန်တာ် က ရှိတဲ့ သီချင်းကို သီချင်းအေးပဲဖြစ်ဖြစ်၊ သီချင်းမြူးမြူးပဲဖြစ်ဖြစ် အကောင်းဆုံး ဘယ်လိုဆိုရမလဲပဲ စဉ်းစားတယ်။ ပရိသတ်တွေ မမြင်ဖူးတဲ့ ပုံစံနဲ့ လုပ်ပြချင်တယ်။ သီချင်းမြူးမြူးလေးဆိုမယ်။ ပုံစံပြောင်းလိုက်တဲ့အချိန်ကျရင်တော့ ဟန်ထွန်းက သီချင်း အေးတွေမဟုတ်ဘဲ သီချင်းအမြူးတွေဆိုတာလည်း ကောင်း ပါလားဆိုတဲ့ စတိုင်လေးကို ချိန်းချင်တယ်” လို့ ဟန်ထွန်းက ပြောပါတယ်။

ကိုယ်တိုင်ဆိုထားတဲ့ သီချင်းဟောင်းတွေကို ပြန်ဆို တိုင်း အခက်အခဲတွေရှိပုံကိုလည်း ဟန်ထွန်းက…

”ကျွန်တော်က အကျင့်တစ်ခုရှိတယ်။ ကျွန်တော်ဆို ထားတဲ့ သီချင်းဟောင်းတွေကို ပြန်ဆိုတိုင်း ကျွန်တော့် အတွက် အခက်အခဲရှိတယ်။ ဘာလို့လဲဆိုတော့ ခံစားချက် ချင်းက မတူတော့ဘူးလေ။ ဟိုးအရင်ကဆိုတာနဲ့ အခုပြန်ဆို တာနဲ့ အဆင်မပြေဘူး။ သီချင်းအသစ်ကို ပြန်ဆိုရတာပဲ အဆင်ပြေတယ်။ ဆိုပြီးသား သီချင်းတွေကို ပြန်ဆိုတိုင်း အခက်အခဲဖြစ်တယ်။ အဲဒါတောင်မှ ကျွန်တော့်သီချင်းဟောင်း ကို ပြန်ဆိုတာတောင် အဆင်မပြေဘူး”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဟန်ထွန်းက သူ့ရဲ့ တစ်ကိုယ်တော်အခွေ အတွက် သီချင်းတွေစုနေပြီး တောင်ကြီးသား ၈ ယောက် ပါဝင် သီဆိုထားတဲ့ ချယ်ရီနွေဦး MTV လေးထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here