စစ်တွေအခြေစိုက် လူမှုပရဟိတအဖွဲ့တည်ထောင်ထားတဲ့သားငယ်

0
167

ရော့ခ်သီချင်းတွေ အများစုပါဝင်မယ့်Myanmar Idol Winner အဆို တော်သားငယ်ရဲ့ဘဝမှတ်တိုင်တစ်ခုအနေနဲ့ လမ်းလေး စီးရီးခွေအကြောင်း ကို သားငယ်က “ကျွန်တော့်ရဲ့ ဘဝမှတ်တိုင် တစ်ခုအနေနဲ့ ဒီနေ့ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျွန်တော့်ရဲ့ စီးရီးခွေ လေးထွက်ဖြစ်တယ်။ သီချင်းလေးကို နာမည် ပေးဖြစ်တာကတော့ Myanmar Idol ဘက်က ကျွန်တော့်အတွက်ကိုက် ညီမယ့်ခေါင်းစဉ်လေးပေးဖြစ်တာပါ။ ပရိသတ်ကြိုက်မယ့် သီချင်းလေးကို ကျွန်တော်ရွေးထားတာပါ။ ဘဝမှာ ဒီလိုမျိုးတွေ ဖြစ်လိမ့်မယ် လို့လည်း မထင်ဘူး။ ဒီလိုမျိုး ဖြစ်လာခဲ့လို့ ကျွန်တော့်ကို အားပေးတဲ့၊ vote ပေးတဲ့၊ ပျိုးထောင်တဲ့သူတွေကို တအားကျေးဇူးတင်ပါ တယ်”လို့ ပြောပါတယ်။

သားငယ်က ဒီစီးရီးခွေက ရောင်းရငွေများ မှ အမြတ်ငွေများကို သူတည်ထောင်ထားတဲ့ သားငယ် ဖောင်ဒေးရှင်း ကို ပြန်လည်လှူသွားမယ်လို့ ပြောပါတယ်။ “ကျွန်တော့် စီးရီး ခွေအတွက် ပရိုမိုးရှင်းတွေ လုပ်ဖို့မရှိပေမယ့် ရခိုင် ပြည်နယ်မြို့ကြီး ၅ မြို့ဖြစ်တဲ့ စစ်တွေ၊ တောင်ကုတ်၊ ကျောက် ဖြူ၊ မာန် အောင် မြို့တွေကိုသွားပြီးတော့ အခွေ ရောင်းရတဲ့ အမြတ်ငွေတွေ အကုန်လုံးကို ကျွန်တော့်ရဲ့ သားငယ်ဖောင်ဒေးရှင်းကို လှူဒါန်းဖို့ အစီ အစဉ်ရှိပါတယ်”လို့ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here