နာဂဒေသရဲ့ကျန်းမာရေး အသိပညာမြှင့်တင်ရေး သံတမန်ဖြစ်သွားတဲ့မာရီကိုး

0
234

နာဂဒေသရဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန်ဖြစ်သွားတဲ့ မာရီကိုးက နာဂဒေသမှာနေထိုင်တဲ့ ကလေး သူငယ်တွေအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများကို လက်ရှိအချိန်မှာလုပ်ကိုင်နေပြီဖြစ်ပါတယ်။ မင်းသမီးတစ်ဦးဖြစ် သလို နာဂတိုင်းရင်းသူတစ်ဦးလည်းဖြစ်တဲ့ မာရီကိုးက နာဂဒေသဖွံ့ဖြိုးရေးအတွက် ပရဟိတလုပ်ငန်းတွေကို ၂ဝ၁၇ ခုနှစ်နှစ်စပိုင်းကစတင်ပြီး လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ နာဂဒေသက ကလေးသူငယ်များအတွက် လုပ်ဆောင်မယ့် ကျန်းမာရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ ….

“ညီမကို ညီမတို့နာဂလူမျိုးတွေက တအားချစ်ခင်အားပေးကြတာကို တွေ့တယ်။ ဒါကြောင့်သူတို့အနေနဲ့ လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ သံတမန်အဖြစ်ခန့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ဘက်မှာလည်း ဘာတွေ အခက်အခဲ ရှိလဲဆိုတော့ နာဂဒေသမှာကလေးတွေက ဆေးထိုးရတာ တအားခက်ခဲတယ်။ ဆေးကလည်း ဝက်သက်ရောဂါတို့ ဘာတို့ မနှစ်က ၂ဝ၁၇ခုနှစ် ၈ လပိုင်း အချိန်တုန်းက ဝက်သက်ရောဂါကြောင့် ကလေးတွေအယောက် ရှစ်ဆယ်ကျော် လောက် အသက်ဆုံးရတယ်။ ဒါကြောင့် ကလေးတွေအတွက် ကာကွယ်ဆေးစထိုးတဲ့ အချိန်မှာ အတွေ့အကြုံမရှိကြတဲ့ အတွက် ဆေးထိုးမခံဘဲထွက်ပြေးကြတယ်။ ဒါကြောင့် ဘယ်လိုစည်းရုံးကြမလဲဆိုတာ ဆေးထိုးခက်ခဲတာကို အဖြေရှာ တော့ သူတို့က ညီမကို တွေ့သွားတယ်။ ညီမကလည်း နာဂလူမျိုးသရုပ်ဆောင်တစ်ဦးဖြစ်သလို နာဂလူမျိုးအားလုံးနဲ့ လည်း ရင်းနှီးမှုရှိတဲ့အတွက် ညီမနဲ့ စည်းရုံးရင်ကောင်းမယ်ဆိုပြီး ညီမကို သံတမန်အဖြစ်ခန့်အပ်လိုက်တာပါ။ ညီမနဲ့ အတူပူးပေါင်းပြီး ကျန်းမာရေး အသိပညာပေးတာတွေလည်း လုပ်ကိုင်သွားကြမှာပါ” လို့ မာရီကိုးက ပြောပြပါတယ်။

မာရီကိုးကို ကျန်းမာရေးသံတမန်အဖြစ် ဇန်နဝါရီလ ၂၅ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ခန့်အပ်ခဲ့ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here