အသက် ၁၈ နှစ် ပြည့်သွားပေမယ့် ကလေးစိတ်မပျောက်သေးဘူး ဆိုသူ ယွန်းယွန်း

0
205

အကယ်ဒမီယွန်းယွန်းက လတ် တလောမှာ ဒါရိုက်တာချိုဝတ်ရည် ရိုက်ကူးတဲ့ ‘ရွှေမင်းသမီးနှင့် လူလိမ်’ ဇာတ်လမ်းတွဲကို ဇေယျနဲ့အတူ ပါ ဝင်ရိုက်ကူးနေပါတယ်။ ဒီဇာတ်လမ်း တွဲမှာတော့ အသက်၁၈နှစ်အရွယ် သာ ရှိသေးပြီး အလွန်ချမ်းသာတဲ့ သူဌေးသမီးတစ်ယောက်အဖြစ် ယွန်းယွန်းက ပါဝင်သရုပ်ဆောင် ထားပါတယ်၊ ဇာတ်လမ်းတွဲ ရိုက် ကူးဖြစ်ပုံနဲ့ပတ်သက်ပြီး ယွန်းယွန်းက…

“ညီမ series ရိုက်ကူးရတာ ကြိုက်တယ်။ပထမ ဇာတ်လမ်းတွဲ တုန်းကလည်း ပရိသတ်တွေလက်ခံခဲ့ တယ်။တခြားလာအပ်တဲ့ ဇာတ်လမ်း တွဲ တွေလည်း ရှိပါတယ်၊ ဒီဇာတ် ကားက ညီမအပြင်က အရွယ်လေး နဲ့လည်း တိုက်ဆိုင်တယ်၊ ဇာတ်လမ်း လေးလည်း စိတ်ဝင်စားလို့ လက်ခံ ဖြစ် တာပါ၊ ဒီဇာတ်ကားမှာပြောမယ် ဆိုရင် ပရိသတ်တွေစိတ်ဝင်စား လောက်တဲ့ အခန်းလေးတွေလည်းပါ တယ်ပေါ့၊ ဒါပေမဲ့ တအားကြီး ရည်း စားဖြစ်ပြီး ချိန်းတွေ့တာမျိုးတော့ ပါမှာမဟုတ်ပါဘူး။ ညီမကိုဇာတ် လမ်းတွဲနဲ့ ပရိသတ်ကလက်ခံတော့ ညီမကို အခုဇာတ်လမ်းတွဲရိုက်ဖို့တွေ ပြောထားတာတွေရှိတယ်။ ညီမအ နေနဲ့ စိတ်ဝင်စားရင်၊ ကာရိုက်တာ ကိုကြိုက်ရင် ရိုက်ဖြစ်မှာပါ၊ ဘာမှ တော့ကြိုပြီး မပြောချင်ဘူး၊ ဒီဇာတ် လမ်းတွဲက နောက်ထပ်၃ပိုင်းလောက် ဆက်ရိုက်ကူးမှာဆို တော့ပရိသတ်တွေ ဒီဇာတ်ကားကို ကြည့်ပြီးရင် ညီမကို ပြန်ပြောပေး စေချင်ပါ တယ်”လို့ ပြောပါတယ်။

ယွန်းယွန်းက အခုလတ်တ လောမှာ ကျောင်းတစ်ဖက်နဲ့ အနု ပညာအလုပ်တွေလုပ်ကိုင်နေတဲ့ အတွက်ကြောင့် သရုပ်ဆောင်မှု အ ပိုင်းကိုတော့ သေချာစိစစ်ရွေးချယ်ပြီး ရိုက်ကူးနေကြောင်းသိရပါတယ်။ မကြာခင်ကလည်း အသက်၁၈နှစ် ပြည့်သွားပေမယ့် ကိုယ်ကိုယ့်ကိုယ် အခုချိန်ထိ လူကြီးတစ်ယောက်လို မခံစားမိဘဲ ကလေးတစ်ယောက်လို သာ မြင်မိကြောင်း ယွန်းယွန်းကပြော ပါတယ်။

“အခု ညီမကကျောင်းကလည်း ၂ခုတက်နေတာ။ ပြည်တွင်းက တက္ကသိုလ်လည်းတက်နေတယ်၊ အပြင် business management ဘာသာရပ်လည်း တက်နေတယ်၊ သူများတွေလို အနုပညာကို နေ့နေ့ ညညတော့ မလုပ်နိုင်ဘူးပေါ့။ နောက်တစ်ခုက ညီမနဲ့လိုက်တဲ့ ကာ ရိုက်တာမျိုးလည်း ဖြစ်ချင်သေးတယ်။ ပရိသတ်ကြည့်လို့ရှိရင်လည်း အဆင် ပြေတယ်။ ညီမနဲ့ လိုက်တာမျိုးပဲ ဖြစ်ချင်သေးတယ်။ အဲဒါကြောင့် စိစစ်ပြီး ညီမရွေးရတယ်။ ညီမတစ် ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ တော့မလုပ်ပါဘူး။ ညီမမိဘတွေနဲ့ တိုင်ပင်တယ်။ ညီမဆရာသမားတွေရဲ့ အကြံဥာဏ်တွေလည်း ယူပါတယ်၊ ညီမက အခု အသက်၁၈နှစ်ဆိုတော့ လူကြီးတွေကတော့ ညီမကိုလူကြီး တစ်ယောက်လိုမြင်လာတယ်၊ ဒါပေမဲ့ ညီမက ညီမကိုယ်ကို ကလေး လို့ပဲ မြင်မိတယ်။ ကလေး စိတ်လည်း မပျောက် သေးဘူး။ ဒါကအပြင်က ပါ၊ ကာရိုက်တာ တစ်ခု ကို လက်ခံပြီးရင်တော့ အဲဒီကာရိုက်တာနဲ့ အနီး စပ်ဆုံးဖြစ်အောင် တော့ ကြိုးစားပါတယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ -ဇော် ၀င်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here