သဘင်အစည်းအရုံး(ဗဟို) အလုပ်အမှုဆောင်သစ် ပေါ်ထွက်မည့် သဘင်ညီလာခံနှင့် ရွေးကောက်ပွဲကျင်းပမည်

0
63

သဘင်ညီလာခံနှင့် သဘင်အစည်းအရုံး အလုပ်အမှုအဆောင်အဖွဲ့ ရွေးချယ်ပွဲကို မတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရပါတယ်။ သဘင် ညီလာခံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့နယ်အသီးသီးရှိ သဘင်ပညာရှင်များ၊ အစည်းအရုံးအမှုဆောင်များ ၊သဘင်အနုပညာရှင် အတတ်ပညာရှင်များ၊ သဘင်လုပ် ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသော အလွှာအသီးသီးမှ စုံညီစွာ တက်ရောက် ဆွေးနွေးနိုင်ကြောင်း သိရသည်။ ဒုတိယမြောက်နေ့ဖြစ်သည့် မတ်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး (ဗဟို)အလုပ်အမှုဆောင် ကော်မတီ အသစ်ပြန်လည် ရွေးချယ်ခြင်းအစီအစဉ်ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံနှင့်ပတ်သက်၍သော်လည်းကောင်း ၊ ဗဟိုအမှုဆောင်ပြန် လည်ရွေးချယ်ခြင်းနှင့် ပတ်သက်၍သော်လည်းကောင်း အသေးစိတ်သိရှိလိုပါက အမှတ် ၁၃၅၊ ၂၁လမ်း(ထက်)၊ လသာမြို့နယ်သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။ ထို့အပြင် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)သည် သဘင်အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ရပ်တည်မှု ခိုင်မာစေရေး၊ တန်ဖိုးမြင့်မားစေရေးနှင့် ကူညီ စောင့်ရှောက်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတွက်ကြောင့် သက်ဆိုင်ရာ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ အရေးကိစ္စများနှင့် စပ်လျဉ်း ၍သော်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍သော်လည်းကောင်း သတင်းထုတ်ပြန် ကြေညာရာ၌ တရားဝင်သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံမီဒီယာများမှ တရားဝင်ကြေညာခြင်းတို့အပြင် လူမှုကွန် ရက်စာမျက်နှာတွင် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) page မှ ထုတ်ပြန်ကြေညာသော ကြေညာချက်များသာလျှင် တရားဝင် (အတည်)ဖြစ်ကြောင်း အခြားပုဂ္ဂလိက Account များ၊ လူမှုကွန်ရက်စာမျက်နှာများမှ မိမိတို့ သဘော ဆန္ဒအရတင်သော အချက်အလက်များမှာ မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး (ဗဟို)နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here