ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဘာကြောင့်ပြုလုပ်နေတာလဲ နေတိုး

0
71

အနုပညာနဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေ အမြဲပြုလုပ်လေ့ရှိတဲ့ အကယ်ဒမီနေတိုးက ၂ဝ၁၈ ခုနှစ်မှာလည်း ရှေ့နှစ်တွေနဲ့မတူအောင် ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ သူဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွား မလဲဆိုတာကို နေတိုးက…

”အဓိကကတော့ လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့မတူညီတဲ့ နောက် ထပ်ရုပ်ရှင်တွေကို ဖန်တီးသွားဖို့ရှိပါတယ်။ ကျွန်တော်လှုပ်ရှားမှုကို ဦးစားပေးတဲ့ ဇာတ်ကောင်တွေဖြစ်မှာပါ။ နောက်တစ်ခုက တစ်ကားတည်းကို ရသအစုံမဟုတ်ဘဲနဲ့ ဟော်ရာဆို သပ်သပ်၊ ဒရာမာဆိုသပ်သပ်ပေါ့နော်။ အဲဒီလိုမျိုး လမ်းကြောင်းလေးတွေ ကိုခွဲထုတ်ပြီး ရိုက်ကူးသွားဖို့ရှိပါတယ်”လို့ ပြောပါတယ်။

အနုပညာနဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေရှိသလို၊ ရုပ်ပိုင်း ဆိုင်ရာနဲ့ပတ်သက်ပြီးလည်း ပြောင်းလဲနိုင်အောင် ကြိုးစားနေ တယ်ဆိုတဲ့အကြောင်းကို နေတိုးက …

”ကျွန်တော်က ၁၂ ပေါင်၊ ၁၃ ပေါင်လောက် ပေါင် ၂ဝ လောက်ကျသွားတယ်။ (ရယ်လျက်) ဒီလိုဝိတ်ချတာကလည်း ကာ ရိုက်တာအတွက်ပေါ့နော်။ အဓိက ကျွန်တော်က Rose Rider မရိုက်ကူးခင်ကတည်းက ကျနေ တာ တစ်နှစ်ပြည့်တော့မယ်။ ၈ လ၊ ၉ လ လောက်ရှိသွားပြီ။ ဒါကလည်း ၂ဝ၁၈ ခုနှစ် မှာ ရိုက်ကူးမယ့် ကာရိုက်တာတွေအတွက် ဖြစ်သလို နောက်တစ်ခု ကျွန်တော့် အနေနဲ့ ရိုက်ကူးတဲ့ဇာတ်ကားတွေမှာ တအားကြီး ပြည့်နေလို့ရှိရင်လည်း အဆင်မပြေဘူးပေါ့နော်။ အဲဒီအ တွက်ကြောင့်ပါ။ အခုဆိုရင်တော့ အရင်ထက်တော့ပေါ့ပေါ့ပါးပါး ဒပါးဖြစ်တယ်။ အဝတ်အစားတွေ ဝတ်ဆင်တဲ့အခါမှာလည်း ယုံကြည်မှု ပိုရှိတယ်။ နောက်တစ်ခုကကျတော့ သရုပ်ဆောင်တဲ့အခါမှာလည်း ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်နိုင်တဲ့ ပုံစံမျိုး၊ နောက်တစ်ခု က ပုံမှန်ဆို ကျွန်တော့်မျက်နှာက ပါးနည်းနည်း ဖောင်းတဲ့အထဲမှာရှိတယ်လေ။ တချို့ကာရိုက် တာတွေမှာ မလိုက်တဲ့အနေအထားတွေရှိ တယ်ပေါ့နော်။ အဲဒါတွေမှာအဆင်ပြေဖို့ အတွက်လည်းဝိတ်ချဖြစ်တာပါ။ နောက်ထပ် တော့ ကျွန်တော့်အနေနဲ့ ဝိတ်အားဖြင့် မချ တော့ဘူး။ဒါပေမဲ့ မာဆယ်တွေဖြစ်အောင် တော့ နည်းနည်းလေ့ကျင့်သွားမှာပါ။ အဓိကကတော့ Gym ဆော့တယ်။ ဝိတ်ချတုန်းကလည်း Gym ဆော့ပြီး ပဲချခဲ့တာ”လို့ ထပ်မံပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here