ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ရုံးခန်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

0
156

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး ရုံးခန်းဖွင့်ပွဲနှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁ဝ နာရီ အချိန်က အမှတ် ၁၃၁၊ ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အတÄုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေမှူး၊ အနုပညာရှင်များ၊ ပြင်ပမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက် ပြီး အလှူရှင်များက ဗိုလ်ချုပ်အောင်ဆန်း အတ္ထု ပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြရာ ဇေကမ္ဘာ ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌဒေါက်တာခင်ရွှေက အလှူငွေကျပ် သိန်း ၁ဝဝဝကိုလည်းကောင်း၊ တက်လမ်း ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အလှူငွေ ကျပ်သိန်း ၁ဝဝ ကို လည်းကောင်း၊ ဦးဇော်မိုးခိုင်၊ ဒေါက်တာစောနေနွယ် AA Pharmacy က အလှူငွေ ကျပ်သိန်း ၃ဝ ကိုလည်းကောင်း၊ သီဟသုဓမ္မမဏိဇောတဓရ ဦးမျိုးဇော်ထွန်းက အလှူငွေ ကျပ်သိန်း ၂ဝ ကိုလည်းကောင်း၊ သီဟ သုဓမ္မသိင်္ဂီ ဒေါ်ဆိုက်တီက အလှူငွေကျပ် ၁ဝ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။

ဓာတ်ပုံ-အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here